ပါရမီသဘာဝဓာတ်ငွေ့ ဖြန့်ဖြူးရန် အမျိုးသမီးများအား ဖိတ်ခေါ်

ပါရမီအမှတ်တံဆိပ်ဖြင့် ဖြန့်ချိမယ့် LPG ဆလင်ဒါဓာတ်ငွေ့အား ဖြန့်ဖြူးပေးဖို့အတွက် အရောင်းကိုယ်စားလှယ် ဖြစ်လိုတဲ့ အမျိုးသမီးတွေကို ပါရမီဓာတ်ငွေ့ ကုမ္ပဏီက ဖိတ်ခေါ်နေပါတယ်။

“ကျွန်တော်တို့ ပါရမီရဲ့  ရည်သန်မှုများစွာထဲက တစ်ခုကတော့ အမျိုးသမီးတွေရဲ့ စွမ်းရည်ကို တစ်ဖက်တစ်လမ်းကနေ မြှင့်တင်ပေးနိုင်ဖို့အတွက် Parami LPG အမျိုးသမီး သီးသန့် အရောင်းကိုယ်စားလှယ် အဖွဲ့အစည်း ဖွ့ဲစည်းဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေရဲ့  စွမ်းရည်မြှင့်တင်ဖို့အတွက် အထူးသီးသန့် အခွင့်အရေးကို ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်” လို့ ပါရမီ LPG ဓာတ်ငွေ့ ကုမ္ပဏီ၊ အမှုဆောင်အရာရှိချုပ် ဦးပြည့်ဝထွန်းက ပြောကြားသည်။

ပါရမီ LPG ဓာတ်ငွေ့ကုမ္ပဏီဟာ သန်လျင်တွင်ရှိတဲ့  အစိုးရပိုင် LPG ဓာတ်ငွေ့စက်ရုံ စီမံခန့်ခွဲပိုင်ခွင့် လိုင်စင်ကို ၂၀၁၇ ခုနှစ်က ရရှိခဲ့ပါတယ်။ မြန်မာပြည်ရဲ့ ပထမဦးဆုံး အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ထားတဲ့ ပါရမီ LPG ဓာတ်ငွေ့ကို နိုင်ငံတကာအဆင့်မီ၊ လုံခြုံစိတ်ချရပြီး ဈေးနှုန်းသင့်တင့်ရုံသာမ သုံးစွဲသူတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားစေရန် ရည်ရွယ်ချက်နဲ့ ပြည်တွင်း ဈေးကွက်အတွင်း ဖြန့်ချိရောင်းချနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရှိ အမျိုးသမီးတွေကို အကောင်းမွန်ဆုံး အကျိုးအမြတ်၊ အခွင့်အလမ်းတွေနဲ့ လူမှုပတ်ဝန်းကျင်ဆိုင်ရာ ထောက်ပံ့မှုတွေကို ပံ့ပိုးပေးမယ့် “ပါရမီချန်ပီယံ အစီအစဉ်” ကို ဆောင်ရွက်တာလို့လည်း ကုမ္ပဏီက ပြောကြားပါတယ်။

“ပဏာမခြေလှမ်းအနေနဲ့ စတင်လိုက်တဲ့ ပါရမီ ချန်ပီယံ အစီအစဉ်ဟာဆိုရင် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အရောင်းအဝယ်ကဏ္ဍမှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်မှု ကိုပိုမိုခိုင်မာစေနိုင်မယ်လို့လည်း ယုံကြည်ပါတယ်” လို့ ဦးပြည့်ဝထွန်းက ပြောပါတယ်။

“စီးပွားရေးအတွက် အသုံးဝင်မယ့် LPG ဖြန့်ချိရေးအကြောင်းသာမက ဦးဆောင်မှုနဲ့ စီမံခန့်ခွဲရေးပညာရပ် တွေကိုပါ မျှဝေပေးသွားမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ဦးဆောင်တဲ့ အခိုင်မာဆုံး LPG ဖြန့်ချိရေး ကွန်ယက်တစ်ခု တည်ထောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့လည်း သူကဆက်ပြောပါတယ်။

အဲဒီအစီအစဉ်အတွက် လိုအပ်တဲ့ အချက်အလက်တွေကို  https://www.facebook.com/paramilpggas/ မှာ အသေးစိတ် ဝင်ရောက်ကြည့်ရှုနိုင်သလို ပါဝင်လိုသူများအနေနဲ့လည်း လျှောက်လွှာတွေကို http://join.paramilpg.com မှာဖြစ်စေ၊ ဖုန်းနံပါတ် 09969 7989 99 ကိုဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar