ပင်လုံမြေမှ ပြည်ထောင်စုအိပ်မက်ကို အကောင်အထည်ဖေါ်ရန် သမ္မတတိုက်တွန်း

လွန်ခဲ့သည့် ၇၂ နှစ်က တိုင်းရင်းသားများ မျှော်မှန်းအိပ်မက်ခဲ့ကြသည့် “ပင်လုံမြေမှ ပြည်ထောင်စုအိပ်မက်” အား ယနေ့အချိန်တွင် အကောင်အထည်ဖေါ်ရန်လိုအပ်နေပြီဟု ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ကျရောက်သည့် ရှမ်းပြည်နယ်နေ့တွင် သမ္မတဦးဝင်းမြင့်က တိုက်တွန်းလိုက်သည်။

“နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်အောင် ရှည်ကြာခဲ့သော ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် တိုင်းရင်းသားအခွင့်အရေးများ အပြည့်အဝရရှိစေမည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် အထူးအရေးကြီးလှပါသည်” ဟု ရှမ်းပြည်နယ်နေ့အတွက် ၎င်းက ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအစည်းအဝေးများသည် နိုင်ငံရေးပြဿနာများအား နိုင်ငံရေးနည်းဖြင့် ညှိနှိုင်းဖြေရှင်းပြီး စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် သမိုင်းဝင် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်သည်ဟုလည်း သမ္မတက ပြောကြားထားသည်။

လက်ရှိအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ကာ ၂၁ ရာစု ပင်လုံအစည်းအဝေးများကို ကျင်းပလျှက်ရှိရာ သုံးကြိမ်အထိ ကျင်းပခဲ့ပြီးဖြစ်သည်။

“တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှ အခွင့်အရေးရရှိခြင်းနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိခြင်းဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို မလွဲမသေအောင်မြင်စွာ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းရင်းသားပြည်သူအားလုံး ပြည်ထောင်စုစိတ်ဓာတ် (ဝါ) ပင်လုံစိတ်ဓာတ်အရင်းခံကာ ပြည်နယ်၊ ပြည်မ စည်းလုံးညီညွတ်စွာ ဥမကွဲသိုက်မပျက် ထာဝရ ပူးပေါင်းလက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော်သည်” ဟုလည်း သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ပြည်နယ်မြို့တော် တောင်ကြီးတွင် ကျင်းပနေပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar