ဒုသမ္မတနေရာအတွက် NLD နဲ့ USDP အပြိုင်တင်၊ မကြာမီ အပြီးသတ်ရွေးဖွယ်ရှိ

ဉာဏ်လှိုင်လင်း

လစ်လပ်နေတဲ့ သမ္မတရာထူးအတွက် ပြည်သူ့လွှတ်တော်မှာ အဆိုပြုကြတဲ့အခါ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နဲ့ အာဏာရပါတီဟောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP)တို့ အမည်စာရင်း အပြိုင်တင်သွင်းထားကြပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်ကနေ မကြာမီက နုတ်ထွက်ထားပြီး သမ္မတဖြစ်လာမည်ဟု ရေပန်းစားနေသူ တာမွေအမတ် ဦးဝင်းမြင့်ကို NLD က အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပြီး USDP ကတော့ ပျော်ဘွယ်အမတ် ဦးသောင်းအေးရဲ့ အမည်ကို တင်သွင်းထားတာပါ။

အဲဒီနောက် အရည်အချင်းပြည့်စုံမှုမရှိ စိစစ်ရေးအဖွဲ့မှာပါဝင်ရမယ့် ကိုယ်စားလှယ်တစ်ဦးရွေးချယ်ရမှာလည်း NLD က ပုလဲအမတ် ဒေါ်ခင်စန်းလှိုင်နဲ့ USDP က မောက်မယ်အမတ် စိုင်းကောင်းစံဟိန်းတို့ကို အပြိုင်တင်သွင်းခဲ့ပြီး ဒေါ်ခင်စန်းလှိုင်က မဲအသာနဲ့ ရွေးချယ်ခံခဲ့ရပါတယ်။

ဒီအစီအစဉ်တွေအပြီးမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အစည်းအဝေးကို ခေတ္တရပ်နားလိုက်ပြီး မွန်းလွဲ ၁ နာရီမှာပြန်လည်စတင်မယ်လို့ ကြေညာလိုက်ပါတယ်။

မတ် ၂၁ ရက်မှာ သမ္မတအဖြစ်ကနှုတ်ထွက်သွားတဲ့ ဦးထင်ကျော်ဟာ ပြည်သူ့လွှတ်တော်အစုအဖွဲ့က ရွေးချယ်ခဲ့သူဖြစ်တဲ့အတွက် လစ်လပ်နေတဲ့ရာထူးအတွက် ပြည်သူ့လွှတ်တော်ဖက်က အဆိုပြုရမှာဖြစ်လို့ အခုလို ဆောင်ရွက်နေတာဖြစ်ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar