ထိုင်းလူသတ်မှု အမှန်တရားဖော်ထုတ်ရန် မြန်မာသတင်းစာဆရာအသင်း တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မြန်မာလူငယ်နှစ်ဦး ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံရမှုတွင် အမှန်တရားကို ဖော်ထုတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ထိုင်းနိုင်ငံ သတင်းစာဆရာအသင်းထံ အိတ်ဖွင့်ပေးစာ ပေးပို့ကာ တိုက်တွန်းလိုက်သည်။

“ကျွနု်ပ်တို့ သတင်းစာဆရာများ၏ တာဝန်မှာ အမှန်တရားနှင့် တရားမ ျှတမှုကို ရှာဖွေ ဖော်ထုတ်ရန် ဖြစ်သည်” ဟု ဒီဇင်ဘာ ၂၅ ရက် နေ့စွဲဖြင့် ပေးပို့သည့် အဆိုပါ စာတွင် ဖော်ပြထားသည်။

နှစ်နိုင်ငံ ပြည်သူများအကျိုး၊ တိုင်းပြည်များအကျိုး ရှေးရှုလျက် တရားမ ျှတမှု အစစ်အမှန် ထွန်းကားရေး ပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာနှင့် ထိုင်းသတင်းစာဆရာများ ပူးပေါင်းလက်တွဲကာ တရားမ ျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ် တန်ဖိုးများအတွက် တိုက်ပွဲဝင်ကြရန်လည်း တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံ၊ လိပ်ကျွန်းတွင် ဗြိတိသ ျှနိုင်ငံသားနှစ်ဦးအသတ်ခံရမှုဖြင့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားနှစ်ဦးဖြစ်သူ ဇော်လင်းနှင့် ဝေဖြိုးတို့ကိုထိုင်းနိုင်ငံ တရားရုံးက ပြစ်မှုထင်ရှားသည်ဟုဆိုကာ ဒီဇင်ဘာ ၂၄ ရက်တွင် သေဒဏ်ချမှတ်ခဲ့သည့်အတွက် မြန်မာနိုင်ငံ ပြည်သူများကြားတွင် မကျေနပ်မှုများ ပေါ်ထွက်လာခဲ့သည်။

ရန်ကုန်မြို့ ထိုင်းနိုင်ငံသံရုံးရှေ့တွင် ဒီဇင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်နေ့က ကန့်ကွက်ဆန္ဒပြပွဲများ ကျင်းပကာ ထိုင်းတရားရေးစနစ်ကို ရှုံ့ချခဲ့ကြသည်။ ထို့အပြင် အဆိုပါ လူငယ်နှစ်ဦးလွတ်မြောက်ရေးအတွက် အစိုးရချင်း ဆောင်ရွက်ပေးရန်လည်း မြန်မာအစိုးရကို တိုက်တွန်းခဲ့ကြသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်သည် ယနေ့ နံနက် ၁၀ နာရီတွင် ထိုင်းဝန်ကြီးချုပ်ရုံးသို့သွားရောက်ကာ ထိုင်းဝန်ကြီးချုပ်ရုံးဝန်ကြီး ပန်နာဒါနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် သေဒဏ်ချမှတ်ခြင်းခံရသည့် မြန်မာလူငယ်နှစ်ဦးအတွက် အမှုစစ်ဆေးမှုကို စောင့်ကြည့်နေကြသည့် မြန်မာတစ်နိုင်ငံလုံးက ပြည်သူများ၏ ခံစားချက်၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု စသည့်အချက်များကို ထောက်ထားပြီး ထိုင်းအစိုးရအဖွဲ့၏ အခွင့်အာဏာ လုပ်ပိုင်ခွင့်အတွင်းက သုံးသပ်ဆောင်ရွက်ပေးရန်နှင့် မြန်မာနိုင်ငံသားနှစ်ယောက်ကို ကူညီစောင့်ရှောက်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ထံ တင်ပြပေးရန် သမ္မတဦးသိန်းစိန်၏ သတင်းစကားကို ပြောကြားခဲ့သည်။

သေဒဏ်ချမှတ်ထားခြင်းအား ထိုင်းရှေ့နေများအဖွဲ့ကအယူခံတင်သွင်းသွားရေးအတွက်လည်း မြန်မာအစိုးရက ကူညီသွားမည်ဟု သိရသည်။

သတင်း – Frontier သတင်းအဖွဲ့

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar