နော်ဆိုင်း
ပြည်တွင်းဘဏ်တစ်ခုဖြစ်သည့် uabဘဏ်က ကြက်တောင်အားကစားမယ် သက်ထားသူဇာကို ၂၀၂၀ ခုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ပြုလုပ်မည့် အိုလံပစ် အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် အထောက်အပံ့ပေးသွားမည်ဟု နိုဝင်ဘာ ၁၅ ရက်တွင် ကြေညာလိုက်သည်။
အိုလံပစ်ပြိုင်ပွဲအတွက် နည်းပြဌားရမ်းခနှင့် လေ့ကျင့်ရာတွင် ကုန်ကျမည့် စရိတ်များကို ထောက်ပံ့ပေးမည်ဖြစ်ပြီး အထောက်အပံ့ပေးခြင်းကို ငွေကြေးကန့်သတ်မထားပေ။
ရန်ကုန်မြို့ရှိ uab တာဝါတွင် သက်ထားသူဇာနှင့် အမှုဆောင်အရာရှိချုပ်တို့က အထောက်အပံ့နှင့် ပတ်သက်သည့် Sponsorship စာချုပ်ကို ယနေ့ လက်မှတ်ရေးထိုးခဲ့သည်။
“အားကစားသမားတစ်ယောက်အနေနဲ့ အိုလံပစ် အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရတာဟာ နိုင်ငံဂုဏ်ဆောင်တာဖြစ်သလို အားကစားသမားတစ်ယောက်အတွက်လည်း ပိုပြီး ကြိုးစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်” ဟု မသက်ထားသူဇာက ပြောသည်။
uab ၏ အမှုဆောင်အရာရှိချုပ် ခရစ်စတိုဖာလို့ က အထောက်အပံ့ပေးမည့် သဘောတူ စာချုပ်မှာ သက်တမ်းနှစ်နှစ်ရှိမည်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း စာချုပ်သက်တမ်း တိုးရန် အစီအစဉ်ရှိကြောင်း ဆိုသည်။
မြန်မာ့ကြက်တောင် အားကစားမယ် သက်ထားသူဇာသည် ကမ္ဘာ့အဆင့် ၆၅ တွင် ရပ်တည်လျက် ရှိနေသည်။