တာမိုးညဲ ငြိမ်းချမ်းရေးအဖွဲ့ပိုင်ကုမ္ပဏီ စတော့အိပ်ချိန်းသို့ ဝင်ရောက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ယခင်စစ်အစိုးရနှင့် နီးစပ်ခဲ့သည့် တာမိုးညဲ ငြိမ်းချမ်းရေးအဖွဲ့ပိုင် ကုမ္ပဏီက TMH Telecom Public Co.Ltd. ဟူသည့်အမည်ဖြင့် ပဉ္စမမြောက် စတော့အိပ်ချိန်း ကုမ္ပဏီအဖြစ် ရန်ကုန် စတော့အိပ်ချိန်းသို့ ဝင်ရောက်လာသည်။

အဆိုပါကုမ္ပဏီသည် ရန်ကုန်မြို့၊ စတော့အိပ်ချိန်းရုံးတွင် ဒီဇင်ဘာ ၁၃ ရက်က ပြုလုပ်သည့် အစုရှယ်ယာ ကမ်းလှမ်းခြင်းဆိုင်ရာပွဲ၌ စတင်မိတ်ဆက်လာခြင်းဖြစ်သည်။

“သတ်မှတ်ထားတဲ့နှုန်းကတော့ ကျွန်တော်တို့ ၃,၀၀၀ ကနေ ၃,၃၀၀ ကျပ်အထိ သတ်မှတ်ထားပါတယ်” ဟု တာမိုးညဲချမ်းသာ ထွန်းဝေသာ တယ်လီကွန်း အများပိုင်ကုမ္ပဏီလီမိတက်  TMH Telecom Public Co.Ltd. ၏ ရှယ်ယာဈေးနှုန်းများနှင့်ပတ်သက်ပြီး  အဆိုပါကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသီဟလွင်က ပြောသည်။

ရှယ်ယာဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ ရန်ကုန်စတော့ရှယ်ယာအိပ်ချိန်းမှ အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက “အများပြည်သူ စိတ်ဝင်စားနေတဲ့ ပေါ်ပြူလာကုမ္ပဏီတွေ ပါဝင်လာစေဖို့အတွက်ကို ကျွန်တော်တို့ကနေ ဈေးကွက်ရှာဖွေရေးအဖွဲ့ ဖွဲ့ပြီး လူအများ စိတ်ဝင်စားလာတဲ့ ကုမ္ပဏီတွေ၊ ရင်းနှီးမြှုပ်နှံခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမယ်” ဟု ဆိုသည်။

အဆိုပါ တာမိုးညဲ ငြိမ်းချမ်းရေးအဖွဲ့သည် မန္တလေးတွင် အခြေစိုက်ပြီး ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းများစွာ လုပ်ကိုင်နေသောအဖွဲ့လည်း ဖြစ်သည်။

TMH ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးမြင့်လွင်သည် ယခင်အစိုးရလက်ထက် နိုင်ငံတော် အကြီးအကဲများ တရုတ်ပြည်သို့သွားသည့်အခါ လိုက်ပါခွင့်ရခဲ့သူတစ်ဦးဖြစ်သကဲ့သို့ တရုတ်စီးပွားရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူလည်း ဖြစ်သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န.ဝ.တ) အဖွဲ့ဝင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးချုပ် အေဘယ်သည် TMH ကုမ္ပဏီ၏ စီမံခန့်ခွဲရေးအဖွဲ့တွင် Independent Non Executive Director အဖြစ်ပါဝင်နေသည်။

သတင်း – ကောင်းဇော်ဟိန်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.