ဆရာဝန်၊ ဆရာမ ၂၀၀ ကျော်အား ဆီးချို၊ သွေးချိုနှင့် ပတ်သက်ပြီး သင်တန်းပေးမည်

ရန်ကုန်မြို့ရှိ ဆေးရုံ ၄၄ ရုံမှ ဆရာဝန်၊ ဆရာမ ၂၀၀ ကျော်အား ဆီးချို၊ သွေးချိုနှင့် ပတ်သက်ပြီး သင်တန်းပေးသွားမည်ဟု ဆေးသုသေသနဦးစီးဌာနမှ ညွန်ကြားရေးမှုချုပ် ပါမောက္ခ ဦးကိုကိုက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဆွီဒင်နိုင်ငံအခြေစိုက် Novo Nordisk ကုမ္ပဏီ၏ ထောက်ပံ့မှုဖြင့် ဆီချို၊ သွေးချိုရောဂါနှင့် သက်ဆိုင်သည့် သင်တန်းကို ဖွင့်လှစ်ခဲ့ရာ ဆရာဝန်၊ ဆရာမ ၄၀၀ ကို သင်တန်း ပို့ချနိုင်ခဲ့ပြီးဖြစ်သည်။ လာမည့် ဒီဇင်ဘာ ၂၅ နှင့် ၂၆ ရက်နေ့များတွင် ဒုတိယအကြိမ် သင်တန်းကို ဖွင့်သွားမည်ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ဆီးချိုရှိတယ်လို့ သိတဲ့သူ နှစ်သန်းခွဲလောက်ရှိမယ်။ ကိုယ်ကိုကိုယ် ရှိမှန်းမသိတဲ့သူ ငါသန်းလောက် ရှိမယ်လို့ ခန့်မှန်းရတယ်” ဟု ပါမောက္ခ ဦးကိုကိုက ဒီဇင်ဘာ ၂၀ ရက်နေ့က ရန်ကုန်မြို့ တောင်ဥက္ကလာပဆေးရုံကြီးတွင် ပြုလုပ်သည့် ဆီးချိုရောဂါ ပညာပေးဆွေးနွေးခန်းမဖွင့်ပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံ ဆီးချို၊ သွေးချိုရောဂါအစီအစဉ် (Myanmar Diabetes Care Program) အား ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပူးပေါင်း အကောင်အထည်ဖော်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် Novo Nordisk တို့အကြား သဘောတူညီချက်ကို ပြီးခဲ့သည့် မတ်လအတွင်းက လက်မှတ်ရေးထိုးခဲ့ကြသည်။

Novo Nordisk ကုမ္ပဏီက ဆီးချို၊ သွေးချိုရောဂါနှင့် ပတ်သက်ပြီး သင်တန်းပေးခြင်း၊ ဆေးကုသခြင်းနှင့် ပညာပေးခြင်းလုပ်ငန်းများကို အကူအညီပေးသွားမည်ဖြစ်သည်။

သတင်း-မိုင်းအိုက်ထွန်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar