ဆန်တွေကို အခွန်ပြန်ကောက်ဖို့ ဥရောပသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို မြန်မာနဲ့ ကမ္ဘောဒီးယား အပြစ်တင်

အေအက်ဖ်ပီ

ဥရောပကို တင်ပို့နေတဲ့ အမေရိကန် ဒေါ်လာသန်းနဲ့ချီ တန်ဖိုးရှိတဲ့ ဆန်တွေအပေါ် ဥရောပကော်မရှင် (European Commission) က အခွန်ကောက်ခံမှု ပြန်လည်စတင်မယ့်အပေါ် မြန်မာနဲ့ ကမ္ဘောဒီးယားတို့က အပြစ်တင်လိုက်ပြီး ဒါဟာ ဆင်းရဲတဲ့ လယ်သမားတွေအပေါ်မှာ လက်နက်တစ်ခုအဖြစ် ဆောင်ရွက်တာဖြစ်တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးဌာနက ပြောပါတယ်။

ဈေးသက်သာတဲ့ဆန်တွေ တင်သွင်းနေတာကြောင့် လယ်သမားတွေ ထိခိုက်နေရတယ်လို့ အီတလီနိုင်ငံက ပြောကြားပြီး ဆန်တင်သွင်းမှုတွေကို အပြင်းအထန် ကန့်ကွက်ခဲ့အပြီးမှာတော့ မြန်မာနဲ့ ကမ္ဘောဒီးယားက တင်ပို့နေတဲ့ ဆန်လုံးရှည်အမျိုးအစား ဆန်တစ်တန်ကို ဥရောပကော်မရှင်က ၁၇၅ ယူရို (ဒေါ်လာ ၂၀၀) ကောက်ခံတော့မှာ ဖြစ်ပါတယ်။

မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် “လက်နက်မှုအပ အရာအားလုံး” Everything But Arms (EBA) အစီစဉ်ကို ဖယ်ရှားဖို့ ဥရောပကော်မရှင်က စဉ်းစားနေစဉ်မှာပဲ ဒီဆုံးဖြတ်ချက် ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအကြောင်းအရာနှစ်ခုက ဆက်စပ်မှု မရှိပါဘူး။

EBA အစီစဉ်အရ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ဆန်အပါအဝင် ကုန်စည်မျိုးစုံကို အခွန်ပေးဆောင်ဖို့ မလိုအပ်ပဲ ဥရောပဈေးကွက်ကို တင်ပို့နိုင်ပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်အတွင်း မြန်မာနဲ့ ကမ္ဘောဒီးယားတို့က တင်ပို့တဲ့ ဆန်လုံးရှည်ပမာဏဟာ ၈၉ ရာခိုင်နှုန်းအထိ ဖြစ်လာတယ်လို့ ဥရောပကော်မရှင်က တွေ့ရှိခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာနကတော့ ဒါဟာ တိကျမှုမရှိတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြုလုပ်တာဖြစ်ပြီး အရှေ့တောင်အာရှရဲ့ အဆင်းရဲဆုံးတိုင်းပြည်တွေထဲက တစ်ခုဖြစ်တဲ့ ကမ္ဘောဒီးယားက လယ်သမားတွေကို ထိခိုက်စေမယ်လို့ ပြောပါတယ်။

အဲဒါက “အကြွေးတင်နေသူတွေနဲ့ မိသားစုတွေကို သတ်ဖို့လက်နက်ဖြစ်တယ်”လို့ ဇန်နဝါရီ ၁၇ ရက်နေ့က ပြောပါတယ်။

အစိုးရရဲ့ စာရင်းတွေအရ ကမ္ဘောဒီးယားက တင်ပို့နေတဲ့ ဆန်တန်ချိန် ၆၂၅,၀၀၀ ထဲက ထက်ဝက်နီးပါးဟာ ဥရောပသမဂ္ဂဈေးကွက်ကို တင်ပို့နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဦးရဲမင်းဦးကလည်း အခုလို အခွန်ကောက်မှာကို အပြစ်တင်လိုက်ပါတယ်။ မြန်မာကနေ ဥရောပသမဂ္ဂကို နှစ်စဉ် ဒေါ်လာသန်း ၁၀၀ ဖိုးလောက် ဆန်တင်ပို့နေတယ်လို့ သူကပြောပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.