စင်ကာပူသို့ မြန်မာခရီးသည်များ သွားရောက်မှု ၂၈ ရာခိုင်နှုန်း တိုးလာ

ယခုနှစ် ပထမခြောက်လအတွင်း စင်ကာပူသို့ သွားရောက်လည်ပတ်သည့် မြန်မာခရီးသည် ၇၆,၀၀၀ ခန့်ရှိခဲ့ရာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၈ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်ဟု Singapore Tourism Board (STB) ၏ စာရင်းများအရ သိရသည်။

၂၀၁၆ ခုနှစ်တွင် မြန်မာခရီးသည်စုစုပေါင်း ၁၁၄,၀၀၀ ဦး စင်ကာပူသို့ သွားရောက်လည်ပတ်ခဲ့ရာ မြန်မာခရီးသွားများ အနှစ်သက်ဆုံး ထိပ်တန်းခရီးသွားနေရာ ၃ ခုထဲတွင် ပါဝင်နေသည်ဟု STB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့က စတင်ပြီး စင်ကာပူနှင့် မြန်မာနှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ရာ ထိုဒီဇင်ဘာတစ်လတည်းမှာပင် မြန်မာဧည့်သည်အဝင် ၄၀ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းလည်း သိရသည်။

STB ၏ Planning & Emerging Markets အတွက် Assistant Director ဖြစ်သော Ms. Eileen Lee က “မြန်မာ ဈေးကွက်ဟာ စင်ကာပူအတွက် မယုံနိုင်လောက်အောင်ကို အလားအလာကောင်းလှပါတယ်” ဟု ပြောကြားသည်။

စင်ကာပူနိုင်ငံသို့ မြန်မာခရီးသည်များအား ပိုမိုဆွဲဆောင်နိုင်ရေးအတွက် စင်ကာပူပွဲတော်ကို ရန်ကုန်မြို့ Junction City တွင် စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်နေ့အထိ ကျင်းပလျက်ရှိသည်။ အဆိုပါပွဲတော်ကို ရန်ကုန်မြို့တွင် ဒုတိယအကြိမ်မြောက်ကျင်းပခြင်းဖြစ်ကာ စင်ကာပူ၏ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတကာတွင်  ဈေးကွက်တင်ရန် တစ်ညီတစ်ညွတ်တည်းပေါင်းစည်းထားသော  လုပ်ငန်းအမှတ်တံဆိပ်သစ် ဖြစ်သည့် “Passion Made Possible” ကိုလည်း မိတ်ဆက် ကြေညာခဲ့ပါသည်။

“၂၀၁၇ စင်ကာပူပွဲတော်ကတဆင့် မြန်မာခရီးသွားတွေအတွက် ကမ္ဘာ့အဆင့်မီအထင်ကရ ခရီးသွားနေရာတွေနဲ့  ဈေးဝယ်ထွက်ရန်နေရာတွေကစပြီး မိသားစုတစ်ခုလုံးအတွက်အတွေ့အကြုံတွေနဲ့ လှုပ်ရှားသက်ဝင်မှုတွေအထိ စင်ကာပူက ကမ်းလှမ်းပေးစွမ်းနိုင်တာတွေ အားလုံးကို ပုံဖော်ပြသသွားမယ်လို့ မျှော်မှန်းထားပါတယ်” ဟု Ms Eileen Lee က ပြောကြားသည်။

“စင်ကာပူဟာ စိတ်အားထက်သန်မှုတွေ လက်တွေ့ဖြစ်လာနိုင်တဲ့နေရာ Passion Made Possible ပါပဲ။ ဒီအမှတ်တံဆိပ်က  နိုင်ငံတစ်နိုင်ငံအနေနဲ့ ကျွန်မတို့ရဲ့ရပ်တည်ချက်ကို ညွှန်းဆိုနေပြီး စင်ကာပူနိုင်ငံနဲ့ နိုင်ငံသားတွေရဲ့အကြောင်းကို ကိုယ်စားပြုနေပါတယ်။ ဒီကတဆင့် စင်ကာပူနိုင်ငံနှင့် ကျွန်မတို့ကို အားပေးထောက်ခံတဲ့ မြန်မာသူငယ်ချင်းတွေ၊ အထူးသဖြင့်ခရီးသွားတဲ့အခါ တန်ဖိုးရှိတဲ့အတွေ့အကြုံတွေ  ရယူလိုသူများအကြားမှာ ပုဂ္ဂိုလ်ေရးဆက်သွယ်မှုကို ပိုပြီးနက်နဲခိုင်မာစေမှာဖြစ်ပါတယ်။ ကျွန်မတိ့ုအနေနဲ့ စင်ကာပူရဲ့စိတ်ဓာတ်ကို  မြန်မာလူမျိုးတွေဆီ ဆက်လက်မျှဝေသွားဖို့ မျှော်လင့်ထားပါတယ်။ ဒါမှလည်း စင်ကာပူဟာ အားလပ်ရက်လည်ပတ်ဖို့နေရာတစ်ခုအြဖစ်သာမက ခရီးသွားတွေရဲ့ စိတ်အားထက်သန်မှုတွေကို  ဖော်ထုတ်၊ ဖြည့်ဆည်း၊ ပြန်လည်ဆန်းသစ်စေနိုင်တဲ့ နေရာတစ်ခုဖြစ်တယ်ဆိုတာ စိတ်ထဲ အသည်းထဲမှာ စွဲကျန်နေမှာဖြစ်ပါတယ်” ဟု Ms. Eileen Lee က ဆက်လက်ပြောကြားသည်။

စင်ကာပူနိုင်ငံသို့ လာရောက်သည့် ကမ္ဘာ့လှည့်ခရီးသည်အရေအတွက် စုစုပေါင်းနှင့် နှိုင်းယှဉ်ပါက မြန်မာခရီးသည်အရေအတွက်မှာ နည်းပါးသည်ဟုဆိုနိုင်သော်လည်း ခရီးသည်လာရောက်မှု တိုးတက်နှုန်းမှာ အလွန်အလားအလာကောင်းသည်ဟု Singapore Tourism Board ၏ အမှုဆောင်အရာရှိချုပ် Mr. Lionel Yeo က မီဒီယာများကို ပြောကြားသည်။

“မြန်မာဈေးကွက်ကို အထူးဂရုစိုက်ပြီး အနီးကပ်ကြည့်ရှုနေပါတယ်” ဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ လက်ရှိအနေအထားအတိုင်း ဆက်လက်ရှိနေမည်ဆိုပါက မြန်မာနိုင်ငံရှိ လူလတ်တန်းစားများ ဆက်လက်တိုးတက်လာပြီး နိုင်ငံခြားသို့ ခရီးသွားသူများ ပိုမိုများပြားလာမည်ဟုလည်း ၎င်းကပြောကြားသည်။

ထို့ကြောင့် “၂၀၁၇-၁၈ ဟာ စင်ကာပူ-မြန်မာခရီးသွားလုပ်ငန်းအတွက် တဆစ်ချိုးအပြောင်းအလဲကြီးဖြစ်လာနိုင်ပါတယ်” ဟု၎င်းကပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.