ငလျင်လှုပ်ခတ်ခဲ့တာ တစ်လကျော်ကြာတဲ့အချိန်ထိ မန္တလေးနဲ့ အနီးနားဒေသတွေမှာရှိတဲ့ ကယ်ဆယ်ရေးလုပ်သားတွေဟာ ခက်ခဲတဲ့အခြေနေတွေအောက်မှာ ကူညီရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေပါတယ်။ တချို့ကလည်း စိတ်ဒဏ်ရာတွေနဲ့ ရုန်းကန်နေရဆဲပါ။ ဒီတစ်ပတ်ရဲ့ ဒို့အသံပေါ့ဒ်ကတ်စ် အစီအစဉ်မှာတော့ ဆုံးရှုံးမှုတွေ၊ နာကျင်မှုတွေကြားက ပင်ပင်ပန်းပန်းနဲ့ ကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်နေကြတဲ့ ပရဟိတသူရဲကောင်းတွေရဲ့ စိတ်ခံစားမှုတွေကို တင်ဆက်ပေးပါမယ်။
ဒို့အသံဟာ မြန်မာနိုင်ငံတဝန်းက လူ့အခွင့်အရေးအခြေအနေတွေကို တင်ဆက်ပေးနေတဲ့ အပတ်စဉ် ပေါ့ဒ်ကတ်အစီအစဉ် ဖြစ်ပါတယ်။ ဒို့အသံအစီအစဉ်ကို အလှူရှင်အဖွဲ့အစည်းတွေက ပံ့ပိုးပေးမှုနဲ့အတူ ဖရွန်တီးယားမြန်မာနဲ့ မြန်မာနိုင်ငံတစ်ဝန်းက မိတ်ဖက်မီဒီယာတွေ ပူးပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်။