ဂျာမန်လက်လီလုပ်ငန်းစုက မြန်မာနိုင်ငံသို့ လုပ်ငန်းတိုးချဲ့ရန် စဉ်းစားနေ

ဂျာမနီနိုင်ငံမှ လက်လီနှင့် ကုန်စည်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းကြီးဖြစ်သည့် Metro က မြန်မာနှင့် အီရန်နိုင်ငံတို့တွင် လုပ်ငန်းများ တိုးချဲ့ရန် ယခုနှစ်ကုန်ပိုင်း၌ ဆုံးဖြတ်မည်ဟု အမှုဆောင်အရာရှိချုပ်က မဂ္ဂဇင်းအင်တာဗျူးတစ်ခုတွင် ပြောကြားထားသည်။

“နိုင်ငံရေးအရ ပွင့်လန်းလာမှုကနေ မြန်မာနိုင်ငံက အကျိုးကျေးဇူးတွေ ရရှိလာပြီဖြစ်ပြီး တိုးတက်ဖို့ အလားအလာတွေ အများကြီးရှိပါတယ်” ဟု အမှုဆောင်အရာရှိချုပ် Olaf Koch က WirtschaftsWoche အပတ်စဉ်ထုတ်မဂ္ဂဇင်းကို မတ် ၃ ရက်နေ့က ပြောကြားသည်။

“အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပြီးတဲ့နောက် အီရန်က အခွင့်အလမ်းတွေကိုလည်း ကျွန်တော်တို့ လေ့လာနေပါတယ်” ဟု ၎င်းက ပြောသည်။

၎င်းတို့၏ လုပ်ငန်းများအားလုံးကို တိုးချဲ့ရန် ပြင်ဆင်မှုများကို ဆောင်ရွက်နေပြီဖြစ်သည်။ 

“ကျွန်တော်တို့ ဆက်သွားကြမလား၊ မသွားဘူးလားဆိုတာကို နှစ်ကုန်မှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်” ဟု Koch က ပြောသည်။

ဥရောပနှင့် အာရှရှိ နိုင်ငံပေါင်း ၃၀ တွင် Metro က လုပ်ငန်းများ လုပ်ကိုင်နေသည်။ ၎င်း၏ ဆိုင်ခွဲများတွင် လူသုံးလျှပ်စစ်ပစ္စည်းများ ရောင်းချသည့် Media Markt နှင့် Saturn ဆိုင်များ၊ Real စူပါမားကတ်များနှင့် Metro Cash&Carry ဟိုက်ပါမားကတ်များ ပါဝင်သည်။

သတင်း- အေအက်ဖ်ပီ

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.