ကချင်နှင့် ရှမ်းပြည်နယ်ရှိ ပြည်သူများအတွက် ဂျာမနီက ယူရို ၁ ဒသမ ၃ သန်းပေးအပ်

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ယူရို ၁ ဒသမ ၃ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်း)ကို ဂျာမနီနိုင်ငံက ကူညီထောက်ပံ့ခဲ့သည်ဟု ရန်ကုန်မြို့ရှိ ဂျာမနီသံရုံးက ဒီဇင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ကူညီထောက်ပံ့ငွေများကို ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် အငတ်ဘေးပပျောက်ရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော ဂျာမန်အကူအညီးပေးရေးအဖွဲ့ဖြစ်သည့် Welhungerhilfe နှင့် ပြည်တွင်းမှ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် မေတ္တာဖောင်ဒေးရှင်းတို့ကတစ်ဆင့် ပေးအပ်သွားမည်ဖြစ်သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့မှ စစ်ဘေးဒဏ်ခံပြည်သူများသည် သီးခြားရပ်တည်နိုင်စွမ်းရှိကာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိသည့် ဘဝတွင် လုံခြုံစိတ်ချစွာ နေထိုင်နိုင်စေရန်နှင့် ၎င်းတို့၏ ပုံမှန် လူမှုဘဝများ၌ ပြန်လည်နေထိုင်နိုင်ကြစေရေး အကူအညီဖြစ်စေရန် ရည်ရွယ် ထောက်ပံ့ပေးခြင်းဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar