Episode 99: မြစ်ကြီးနားရှိဉာဏ်ရည်မသန်စွမ်းမျက်မမြင်တွေရဲ့ခိုလှုံရာ

ဆင်းရဲနွမ်းပါးတဲ့နေရာတွေမှာ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူတွေက ဒုက္ခသုက္ခတွေ အများဆုံးခံစားရပါတယ်။ အဓိကကတော့ လူတွေ မစောင့်ရှောက်ချင်ကြ၊ သို့မဟုတ် စောင့်ရှောက်ဖို့ မတတ်နိုင်ကြလို့ပါ။ ဒါပေမဲ့ မြစ်ကြီးနားမြို့နယ်က စင်တာတစ်ခုမှာတော့ မျက်မမြင်နဲ့ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းတဲ့ ဉာဏ်ရည်ချို့တဲ့သူတွေအတွက် သူတို့လိုအပ်တဲ့နေစရာနဲ့ တခြားစောင့်ရှောက်မှုတွေကို ပေးနေပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ Myitkyina News Journal နဲ့ ဒို့အသံတို့ဟာ မေ့လျော့ခံလူတွေရဲ့အနာဂတ်အတွက် မျှော်လင့်ချက်ပေးဖို့ လုပ်ဆောင်ပေးနေတဲ့ လမုန့်ဇုပ်မျက်မမြင်ဂေဟာကို သွားရောက်လည်ပတ်ခဲ့ပါတယ်။