ဂျပန်မှ Aeon စတိုးဆိုင်များ မြန်မာပြည်တွင် ဖွင့်တော့မည်

ဂျပန်နိုင်ငံမှ လက်လီအရောင်းလုပ်ငန်းကြီးဖြစ်သည့် Aeon က စတိုးဆိုင်များကို  မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း စတင်ဖွင့်လှစ်တော့မည် ဖြစ်သည်။

ထို့ကြောင့် Aeon စတိုးဆိုင်များသည် မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သည့် ပြည်ပ လက်လီ အရောင်းဆိုင်များ ဖြစ်လာမည် ဖြစ်သည်။

Aeon Co., Ltd နှင့် မြန်မာနိုင်ငံမှ Creation Myanmar Group of Companies Limited(CMGC) တို့သည် ပြီးခဲ့သည့် ဧပြီလက Aeon Orange Co., Ltd ကို တည်ထောင်ခဲ့သည်ဟု Aeon က သတင်းထုတ်ပြန်ခဲ့သည်။ Aeon Orange သည် Hypermart Asia ကုမ္ပဏီက လက်ရှိ ဖွင့်လှစ် လုပ်ကိုင်နေသည့် စူပါမားကက် ၁၄ ခုအား လွှဲပြောင်း လုပ်ကိုင်မည်ဖြစ်သည်။ Hypermart Asia သည် CMGC ၏ ကုမ္ပဏီလုပ်ငန်းစုများထဲမှ တစ်ခုဖြစ်သည်။ အသစ်တည်ထောင်လိုက်သော ကုမ္ပဏီက ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် Aeon ၏ ပထမဆုံး စူပါမားကက်ကို ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CMGC သည် အဓိကအားဖြင့် ရန်ကုန်တွင် စူပါမားကက် ၁၄ ခုကို လည်ပတ်နေသည့်အပြင် Adidas နှင့် Mango အပါအဝင် နာမည်ကြီး ပြည်ပတံဆိပ် ရောင်းချခွင့် လိုင်စင် ၂၀ ခုလည်း ရရှိထားသည်။ ထို့အပြင် Specialty Store Business ၏ လက်အောက်တွင် စတိုးဆိုင် ၁၃၀ ခန့်ကို ဖွင့်လှစ် လည်ပတ်လျက် ရှိသည်။ ထို့အပြင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလည်း ရှိသည်။

မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့် Aeon စတိုးဆိုင်များတွင် Aeon ၏ ကိုယ်ပိုင် အမှတ်တံဆိပ်ဖြစ်သည့် Topvalu ထုတ်ကုန်များကိုလည်း ရောင်းချမည်ဖြစ်သည်။

Aeon သည် ၂၀၁၂ ခုနှစ်က Aeon Microfinance(Myanmar) ကုမ္ပဏီအား စတင်လုပ်ကိုင်ခြင်းဖြင့် ခြေချခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် Aeon က ကိုယ်စားလှယ်ရုံးတစ်ခု ဖွင့်လှစ်ခဲ့ပြီး လက်လီလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် သုတေသနများ စတင်ဆောင်ရွက်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar