ဂျပန်နိုင်ငံမှ Daiwa က Oway တွင် ဒေါ်လာငါးသန်း ရင်းနှီးမြှုပ်နှံ

မြန်မာနိုင်ငံ၏ နည်းပညာအခြေပြု အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် Oway တွင် ဂျပန်နိုင်ငံမှ Daiwa Securities Group က အမေရိကန်ဒေါ်လာ ငါးသန်း ရှယ်ယာ ထည့်ဝင်ခဲ့သည်ဟု Nikkei Asian Review က ယနေ့ရေးသားထားသည်။

ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းခွဲဖြစ်သည့် Daiwa PI Partners က Oway ၏ အသစ်ထုတ်ဝေလိုက်သည့် ရှယ်ယာများကို ဝယ်ယူမည်ဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည့် Oway Ride သည် ပြည်တွင်းအခြေစိုက် နည်းပညာအခြေပြု အငှားယာဉ်ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။

Daiwa သည် မြန်မာနိုင်ငံတွင် စုစုပေါင်း ဒေါ်လာ ၁၃ သန်း ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ကာ ဂျပန်ငွေရေးကြေးရေး အဖွဲ့အစည်းများအနက် မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသူဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.