မြန်မာနိုင်ငံ၏ နည်းပညာအခြေပြု အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် Oway တွင် ဂျပန်နိုင်ငံမှ Daiwa Securities Group က အမေရိကန်ဒေါ်လာ ငါးသန်း ရှယ်ယာ ထည့်ဝင်ခဲ့သည်ဟု Nikkei Asian Review က ယနေ့ရေးသားထားသည်။
ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းခွဲဖြစ်သည့် Daiwa PI Partners က Oway ၏ အသစ်ထုတ်ဝေလိုက်သည့် ရှယ်ယာများကို ဝယ်ယူမည်ဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည့် Oway Ride သည် ပြည်တွင်းအခြေစိုက် နည်းပညာအခြေပြု အငှားယာဉ်ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။
Daiwa သည် မြန်မာနိုင်ငံတွင် စုစုပေါင်း ဒေါ်လာ ၁၃ သန်း ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ကာ ဂျပန်ငွေရေးကြေးရေး အဖွဲ့အစည်းများအနက် မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသူဖြစ်သည်။