ကွန်ဒိုဥပဒေနှင့် ပတ်သက်ပြီး မေးခွန်းများ ပေါ်ထွက်

ရန်ကုန်

ကာလကြာရှည်စွာ စောင့်စားနေခဲ့ရတဲ့ ကွန်ဒိုမီနီယံ ဥပဒေမှာ နိုင်ငံခြားသားများကို အထပ်မြင့် အဆောက်အဦးတွေမှာ ပိုင်ဆိုင်ခွင့်ကို ၄၀ ရာခိုင်နှုန်းအထိ ခွင့်ပြုထားတာကြောင့် ဈေးကွက်အတွင်း မေးခွန်းထုတ်မှုများစွာ ထွက်ပေါ်နေပါတယ်။

ဥပဒေကို ဇန်နဝါရီ ၂၂ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ပြီးနောက် ဆောက်လုပ်ရေးကဏ္ဍကလည်း အံ့အားသင့်ခဲ့ကြပါတယ်။ ဥပဒေဟာ စတုရန်းပေ ၂၀,၀၀၀ (ဝ.၄၆ ဧက (သို့) ၁,၈၅၈ စတုရန်းမီတာ) ထက်ပိုတဲ့ မြေနေရာတွင် ဆောက်လုပ်ထားသော အနည်းဆုံး ခြောက်ထပ်ရှိ အဆောက်အဦများအတွက် အကျုံးဝင်တယ်လို့ သိရပါတယ်။

ထို့ပြင် ဥပဒေဟာ ကုမ္ပဏီများ ဥပဒေနဲ့ အချိုးကျမှုရှိမရှိဆိုတာလည်း မသေချာသေးပါဘူး။ ကုမ္ပဏီများ ဥပဒေအရ ကုမ္ဗဏီမှာ နိုင်ငံခြားသား ပိုင်ဆိုင်မှု အနည်းဆုံး တစ်ရာခိုင်နှုန်း ပိုင်ဆိုင်နေပါက နိုင်ငံခြားပိုင်အဖြစ် သတ်မှတ်ထားပါတယ်။ အခြား ဥပဒေများမှာလည်း နိုင်ငံခြားသားကို မြေနေရာပိုင်ဆိုင်ခွင့် ခွင့်ပြုထားခြင်း မရှိပါဘူး။

ကွန်ဒိုမီနီယံဥပဒေမှာ နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ကို ၄၀ ရာခိုင်နှုန်းအထိ ခွင့်ပြုထားသော်လည်း အဆောက်အအုံတည်ဆောက်ထားတဲ့ မြေနေရာပိုင်ဆိုင်မှုကိုမူ ခွင့်ပြုထားခြင်း မရှိပေ။

ထို့ကြောင့် ကုမ္ပဏီများ အက်ဥပဒေကိုလည်း ကွန်ဒိုမီနီယံဥပဒေနှင့် ကိုက်ညီမှုရှိစေရန် ပြန်လည်ပြင်ဆင်ရမှာဖြစ်တယ်လို့ Colliers International Myanmar ရဲ့ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Tony Picon ကဆိုပါတယ်။ 

“ကွန်ဒို ပိုင်ရှင်တွေအနေနဲ့ တိုက်ခန်းနဲ့ မြေနေရာ နှစ်ခုလုံးကို ပိုင်ဆိုင်ခွင့် ရသင့်ပါတယ်” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရီက Daily Eleven ကို ပြောကြားခဲ့ပါတယ်။ “တိုက်ခန်းဝယ်သူအနေနဲ့ မြေနေရာနဲ့ တိုက်ခန်းကိုလည်း ပိုင်ဆိုင်သွားလိမ့်မယ်”လို့ သူက ဆိုပါတယ်။

နိုင်ငံခြားသားများအနေနဲ့ ကွန်ဒိုများအတွင်း ရင်းနှီးမြုပ်နှံနိုင်တယ်ဆိုပေမယ့်လည်း ၎င်းတို့ကို စီမံခန့်ခွဲပိုင်ခွင့်မရှိဘူးလို့ သိရပါတယ်။ စောင့်ကြည့်လေ့လာသူများကတော့ တိုက်ခန်းပိုင်ဆိုင်တဲ့ နိုင်ငံခြားသားများ ယင်းတိုက်ခန်းကို စီမံထိန်းချုပ်နိုင်ခွင့်မရှိဘူးဆိုတာဟာ ဝယ်ထားသော ကွန်ဒိုတိုက်ခန်းများကို ပြန်လည် ငှားရမ်းခွင့်ရှိမှာ မဟုတ်တဲ့အချက်ကို မေးခွန်းထုတ်ထားပါတယ်။

ပြီးတော့ အသစ်ထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ ကွန်ဒိုမီနီယံ အမည်ခံထားတဲ့ ရှိနှင့်ပြီးသား တိုက်ခန်းများအတွက် အကျုံးဝင်နိုင်မှုရှိမရှိဟာလည်း နောက်ထပ် မေးခွန်းတစ်ခုဖြစ်ပါတယ်။

“လက်ရှိကွန်ဒိုတွေကကော ကွန်ဒိုမီနီယံ ဥပဒေမှာ အကျုံးဝင်သွားမှာလား၊ ပုလဲကွန်ဒိုကို ကွန်ဒိုလို့ မသတ်မှတ်တော့ရင် ကျွန်တော်တို့ ဘယ်လိုခေါ်ရမလဲ”လို့ Mr Picon ကဆိုပါတယ်။

ထို့နောက် လွှတ်တော်အတွင်း အမတ်နေရာတွေ လက်လွှတ်ခဲ့ရတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အချိန် သုံးနှစ်ယူ ဆွေးနွေးထားခဲ့တဲ့ ဥပဒေကို အနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့မယ့် ဖေဖော်ဝါရီလမတိုင်ခင် တစ်ပတ်အလိုမှ အတည်ပြု ပေးလိုက်တာကလည်း စိတ်ဝင်စားစရာအချက်ဖြစ်နေခဲ့ပါတယ်။

“ဥပဒေအရ နိုင်ငံခြားသားတွေကို ၄၀ ရာခိုင်နှုန်းရောင်းချခွင့်ပြုထားတဲ့အတွက် အိမ်ခြံမြေဈေးကွက်လည်း ပြန်လည်ထွန်းကားလာမှာဖြစ်သလို အလုပ်အကိုင်သစ်တွေလည်း ရလာလိမ့်မယ်”လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သူ ဦးခင်ရွှေက ပြောကြားခဲ့ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.