ကြယ်ငါးပွင့်အဆင့် Pan Pacific Yangon ဟိုတယ်ကို နိုဝင်ဘာဖွင့်မည်

ရန်ကုန်မြို့လယ်မှာ တည်ရှိတဲ့ Pan Pacific Yangon ဟိုတယ်သစ်ကို လာမယ့် နိုဝင်ဘာလမှာ ဖွင့်လှစ်တော့မယ်လို့ Pan Pacific Hotels Group က စက်တင်ဘာ ၁၄ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

အထပ် ၂၅ ထပ်ရှိတဲ့ အဲဒီဟိုတယ်ဟာ ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းဈေးအနီး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာ တည်ရှိတဲ့ Junction City ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အခန်းပေါင်း ၃၃၆ ခန်းပါဝင်တဲ့ ဟိုတယ်ဟာ “မြန်မာနိုင်ငံဈေးကွက်ထဲမှာ ပထဆုံးသော နိုင်ငံတကာ ကြယ်ငါးပွင့်အဆင့် ဇိမ်ခံဟိုတယ်” ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ရန်ကုန်မှာ ပထမဆုံးဖြစ်တဲ့ နိုင်ငံတကာ ကြယ်ငါးပွင့်အဆင့်ရှိ ဇိမ်ခံဟိုတယ်ဖြစ်တဲ့ Pan Pacific Yangon ကို ဖွင့်လှစ်ဖို့အတွက် ကျွန်တော်တို့ အလွန်ကို စိတ်လှုပ်ရှားနေပါတယ်” လို့ Pan Pacific Hotels Group ရဲ့ အမှုဆောင်အရာရှိချုပ် Lothar Nessmann က ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ ဆုတံဆိပ်တွေ ရရှိထားတဲ့ PARKROYAL Yangon နဲ့ PARKROYAL Nay Pyi Taw တို့ကို ဖွင့်လှစ်ထားပြီးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍ ကြီးပွားတိုးတက်လာရေးအတွက် ပါဝင်ဆောင်ရွက်ဖို့ စိတ်အားထက်သန်နေပါတယ်” လို့လည်း သူက ဆက်လက်ပြောကြားပါတယ်။

စင်ကာပူမှာ အခြေစိုက်တဲ့ Pan Pacific Hotels Group ဟာ တစ်ကမ္ဘာလုံးမှာ ဟိုတယ်ပေါင်း ၄၀ ကျော်ကို ဖွင့်လှစ်စီမံခန့်ခွဲ လုပ်ကိုင်နေပါတယ်။ ဒီအုပ်စုအောက်မှာ Pan Pacific နဲ့ PARKROYAL ဆိုတဲ့ အမှတ်တံဆိပ်နှစ်ခုနဲ့ လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဈေးသစ်နေရာမှာ တည်ဆောက်ထားတဲ့ Junction City ကို စင်ကာပူနိုင်ငံမှ DP Architectsက ဒီဇိုင်းရေးဆွဲခဲ့ပြီး ပြည်တွင်း စီးပွားရေးလုပ်ငန်းကြီးဖြစ်တဲ့ ရွှေတောင်အုပ်စု၊ စင်ကာပူအခြေစိုက် အိမ်ခြံမြေလုပ်ငန်းတစ်ခုဖြစ်သည့် Keppel Landနှင့် Pan Pacific Hotels Group တို့က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်း အကောင်အထည်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကုန်ကျခံ တည်ဆောက်ခဲ့ပြီး မတ်လအကုန်မှာ ဖွင့်လှစ်ခဲ့တဲ့ Junction City မှာ လက်လီအရောင်းဆိုင်တွေပါဝင်တဲ့ Junction City Shopping Mall အပြင် ပထမတန်းစား ရုံးခန်းနေရာများ၊ ကြယ်ငါးပွင့်အဆင့် ဟိုတယ်၊ မိုးလုံလေလုံ ကစားကွင်းနဲ့ ရုပ်ရှင်ရုံငါးရုံတို့ ပါဝင်ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.