ကြက်ရိုးနှင့် ကြေးကွင်းများ

နာမည်ရ စာရေးဆရာ တစ်ယောက်သည် နိုင်ငံတကာမှ ရန်ပုံငွေ ထောက်ပံ့ထားသော စီမံကိန်းဖြင့် ကယားပြည်နယ်မှ ဝေးလံခေါင်သီသော ကယားလူ့အဖွဲ့အစည်းတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ဦးဆောင်လုပ်ကိုင်လျက်ရှိသည်။

တစ်ဖ်နီ တန် ရေးသားသည်။

ပါ့စကယ် ခူးသွယ်သည် ၂၄ နှစ်လုံးလုံး အင်္ဂလန်၊ နော်ဝေနှင့် ထိုင်းနိုင်ငံတို့တွင် တိမ်းရှောင်ကာ စာရေးခြင်း၊ အချက်အပြုတ် လုပ်ကိုင်ခြင်း၊ စာသင်ခြင်းနှင့် သုတေသနပြုခြင်းများကို လုပ်ဆောင်နေခဲ့သည်။ From the Land of Green Ghosts: A Burmese Odyssey ဟု အမည်ရသော ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဖြင့် နာမည်ရလာသော စာရေးဆရာ ခူးသွယ်သည် ၂၀၁၂ ခုနှစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ သူ၏ ဇာတိမြို့ဖြစ်သော ဖယ်ခုံမြို့သို့ ပြန်လာခဲ့သည်။

၂၀၁၄ ခုနှစ်မှစပြီး ခူးသွယ်သည် ကယားပြည်နယ်မှ ဧည့်လမ်းညွှန်များ၊ လက်မှုပညာသည်များနှင့် ဒေသခံ မိသားစုများအတွက် နည်းဗျူဟာများ ဖန်တီးပေးရန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန International Trade Center နှင့်အတူတကွ လုပ်ကိုင်လျက်ရှိသည်။ ITC သည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဥရောပမှ အဖွဲ့အစည်းများနှင့်လက်တွဲလျက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းကြီးများနှင့် ချိတ်ဆက်ပေးနိုင်ရန် လုပ်ဆောင်ပေးလျက်ရှိသည်။ ယင်းစီမံကိန်းကို ၂၀၁၇ ခုနှစ်ကုန်ပိုင်းထိ လုပ်ဆောင်မည် ဖြစ်သည်။

ကယားပြည်နယ်တွင် ခရီးသွားများကို ဆွဲဆောင်နိုင်သည်မှာ ကယားလူမျိုးစုများ ဖြစ်သည်။ ၎င်းတို့ကို ရှမ်းစကားဖြင့် ပဒေါင်များဟု ခေါ်ဆိုသည်။ ၎င်းတို့သည် အမျိုးသမီးများ၏ လည်ပင်းတွင် စွပ်ထားသော ကြေးကွင်းများကြောင့် ထင်ရှားသည်။

ကယားပြည်နယ်သို့ လာရောက်လည်ပတ်သော ခရီးသွားများသည် လွိုင်ကော်မြို့မှ ကယားရွာသို့ တစ်နာရီကျော်ကြာ သွားကြရသည်။ ထို့နောက်တွင် ၁၅ မိနစ်ကြာမျှ ဓာတ်ပုံရိုက်ပြီး ပြန်ကြရသည်။ ITC ၏ ကျေးဇူးကြောင့် ယခင် ၁၅ မိနစ်သာ နေထိုင်နိုင်ခဲ့ရာမှ ယခုအခါတွင် တစ်နေကုန် နေထိုင်ပြီး ဝက်အူချောင်းများ လုပ်စားခြင်း၊ ခြေလျင်ခရီးသွားခြင်းနှင့် နွားလှည်းစီးခြင်းတို့ကို လုပ်ဆောင်နိုင်လာသည်။

ITC သည် ပန်ပက်ရွာနှင့် တနီးလာလယ်ရွာတို့တွင် ဒေသခံများနှင့် ဧည့်သည်များကြား အဓိပ္ပာယ်ရှိသော ဆက်သွယ်မှုတစ်ခုကို ဖန်တီးပေးနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ ဧည့်လမ်းညွှန်များအား သမိုင်းကြောင်းများနှင့် ယဉ်ကျေးမှုများကို သိရှိစေရန် ပညာပေး လေ့ကျင့်ပေးသည်။ ရွာမှ အလုပ်ရုံများသည် လယ်ယာစိုက်ပျိုးရေးအတွက် ကိရိယာများကို ဖန်တီးပေးနိုင်လာရုံသာမက ဧည့်သည်များအတွက် လိုအပ်သော အထောက်အပံ့များကိုပါ ပေးနိုင်လာသည်။

လည်ပင်းတွင် ကြေးကွင်းများ တပ်ဆင်ထားသော ကယားအမျိုးသမီးများသည် သူတို့၏ ဇာတ်လမ်းများ ပြောပြပြီး ဧည့်သည်များထံမှ လက်ဆောင်များ ရယူကြသည်။ သို့သော် ဧည့်လမ်းညွှန်များထံမှ ဆပ်ပြာမှုန့်များကိုသာ ရယူကြပြီး နိုင်ငံခြားသား ဧည့်သည်များထံမှ ငွေကြေးတောင်းခံမှုမျိုး အလျဉ်းမရှိပေ။ ITC သည် ဧည့်သည်များကို ဓာတ်ပုံမရိုက်မီ ကယားဘာသာစကား အနည်းငယ် သင်ယူပြီး ကယားလူမျိုးများနှင့် မိတ်ဖွဲ့ရန် တိုက်တွန်းထားသည့် ဆိုင်းဘုတ်များပင် ထောင်ထားသည်။

typeof=

“ကျွန်တော်တို့က S သုံးလုံးဖြစ်တဲ့ Safety (လုံခြုံမှု) ၊ Story (ပုံပြင်ဇာတ်လမ်း) နဲ့ Service (ဝန်ဆောင်မှု) တို့ကို အဓိကထားပါတယ်” ဟု ခူးသွယ်က ပြောကြားသည်။

ကယားပြည်နယ်သည် မြန်မာနိုင်ငံတွင် အသေးငယ်ဆုံး ပြည်နယ်ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် နီးကပ်သောကြောင့် နိုင်ငံခြားသား ဧည့်သည်များ လာရောက်နိုင်ရန် အခွင့်အလမ်း များပြားသည်။ ITC ၏ လုပ်ငန်းစီမံချက်သည် ကယားလူ့အဖွဲ့အစည်းကို ထိုလိုအပ်ချက်များ ပြည့်မီနိုင်ရန် လုပ်ဆောင်ပေးသည်။

ITC သည် ရွာနှစ်ရွာစလုံးကို စီးပွားရေးလုပ်ငန်း အစီအစဉ်များ၊ ဧည့်ဝတ်ပျူငှာမှု၊ အစားအစာ ဘေးကင်းမှု၊ တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် ရေဆိုးစနစ်များနှင့်စပ်လျဉ်းပြီး လေ့ကျင့် သင်ကြားပေးသည်။ ယင်းတို့သည် နှစ်ဦးနှစ်ဘက် အပြန်အလှန် ကောင်းကျိုးရစေနိုင်သည်။ ဒေသခံများကို အသက်မွေးအလုပ် ကျွမ်းကျင်မှုများ ပေးသည့်အပြင် နိုင်ငံခြားသား ဧည့်သည်များအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်ကိုလည်း ပေးစွမ်းနိုင်သည်။ ယင်းစီမံကိန်းသည် ကယားလူမျိုးများ၏ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် တိရစ ္ဆာန် ကိုးကွယ်မှုများကို အလေးအမြတ်ပြု တန်ဖိုးပြီး ၎င်းတို့ လိုအပ်ချက်များနှင့် ကိုက်ညီမည့်အရာများကို  လေ့ကျင့်သင်ကြားပေးသည်။

ပန်ပက်ရွာနှင့် တနီးလာလယ်ရွာများသည် စိတ်ဝင်စားဖွယ်ရာ သမိုင်းဇာတ်ကြောင်းများ ရှိသည်။ ITC သည် ယင်းတို့ကို မှတ်တမ်းတင်နိုင်ရန် ထိုရွာနှစ်ရွာတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ၁၉၈၀ ပြည့်နှစ်များမှစပြီး ကယားအမျိုးသမီးများသည် ထိုင်းနိုင်ငံနယ်စပ်ရှိ သူပုန်များ ထိန်းချုပ်သော နယ်မြေများသို့ သွားရောက်ခိုလှုံလာကြသည်။ ၎င်းတို့၏ လည်ပင်းမှ ကြေးကွင်းများသည် ထူးခြားသဖြင့် ထိုကယားအမျိုးသမီးများကို ပုဂံ၊ အင်းလေးနှင့် ထိုင်းနိုင်ငံသို့ ခေါ်ဆောင်သွားကြပြီး စီးပွားရေးသမားများက ခရီးသွားအတွေ့အကြုံလုပ်ဇာတ်များ ခင်းနေကြသည်။

ထိုစီမံကိန်းကို ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ခူးသွယ်သည် သူ စာရေးရသည့် ရည်ရွယ်ချက်ဖြစ်သည့် ယဉ်ကျေးမှု ထိန်းသိမ်းခြင်းနှင့် အခြားသူများကို ပညာမြှင့်တင်ပေးခြင်း စသည်တို့နှင့် ကိုက်ညီနေသောကြောင့် ဖြစ်သည်။ ခူးသွယ်သည် မြန်မာနိုင်ငံမှ လူငယ်များကို တီထွင်ဖန်တီးနိုင်စွမ်း ရှိစေလိုပြီး အတွေးအခေါ် မြင့်မားစေလိုသည်။

တနီးလာလယ်ရွာတွင် ဒေသခံများသည် သူတို့၏ တိရစ္ဆာန် ကိုးကွယ်ယုံကြည်မှုကို ဆက်လက်လုပ်ဆောင်နေကြသည်။ သူတို့သည် အိမ်တံခါးဝများတွင် မကောင်းဆိုးဝါးများ မဝင်ရောက်နိုင်စေရန် ကြက်အရိုးများကို ချိတ်ဆွဲထားကြသည်။ ရွာတွင်ရှိသော မှော်ဆရာသည် ကြက်အရိုးများကို အသုံးပြုကာ သီးနှံထွက်နှုန်းကို ဟောကိန်းထုတ်ပေးကြသည်။ သူတို့သည် တောင်ဆိတ်များကို အမဲလိုက်ပြီး တောင်ဆိတ်ဦးခေါင်းခွံများကို သူတို့၏ အမဲလိုက် နတ်ကွန်းတွင် ချိတ်ဆွဲထားကြသည်။

ITC သည် လူမှုဘဝ မြှင့်တင်ရေးလုပ်ငန်းပုံစံ တစ်မျိုးကို လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။ သို့သော် ၎င်းသည် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

စိန်ခေါ်မှုတစ်ခုမှာ ခရီးသွားလုပ်ငန်းတွင် အခြေခံ အဆောက်အအုံ စီမံကိန်းများ မရှိသောကြောင့် ဖြစ်သည်။ စီမံကိန်းများ ညံ့ဖျင်းခြင်းသည် အနီးအနားမှ သမိုင်းဝင်နေရာများကို ထိခိုက်စေနိုင်သည်။ ငွေကြေးများကို အခြားနေရာများတွင် အသုံးပြုနေကြပြီး ရင်းနှီးမြှုပ်နှံသူများသည် ထူးခြားသည့်သီးသန့်နေရာ တစ်ခုကို မြှင့်တင်ပျိုးထောင်ပေးမည့်အစား ငွေအလျင်အမြန် ရနိုင်သော အလုပ်များကိုသာ လုပ်ဆောင်နေကြသည်ဟု ခူးသွယ်က ပြောကြားသည်။

“မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းအတွက် ထူးခြားအံ့ဖွယ်တွေသာ လိုအပ်နေတာပါ။ ခံစားမှုနဲ့ နားလည်မှု ပေးစွမ်းမယ့် မူလရင်းမြစ် အတွေ့အကြုံမျိုးကို ပေးနိုင်ဖို့ လိုပါတယ်။ ကယားပြည်နယ်မှာ ဆန်ကနေ ချက်လုပ်တဲ့ ဝိုင်နဲ့ ဝက်အူချောင်းတွေ ပေါပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဆန်ဝိုင် သောက်ဖို့သက်သက် ဒီကိုလာမှာ မဟုတ်ပါဘူး” ဟု ခူးသွယ်က ပြောကြားသည်။

ခူးသွယ်သည် ထိုစီမံကိန်းကို ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ခူးသွယ်သည် သူ စာရေးရသည့် ရည်ရွယ်ချက်ဖြစ်သည့် ယဉ်ကျေးမှု ထိန်းသိမ်းခြင်းနှင့် အခြားသူများကို ပညာမြှင့်တင်ပေးခြင်း စသည်တို့နှင့် ကိုက်ညီနေသောကြောင့် ဖြစ်သည်။ ခူးသွယ်သည် မြန်မာနိုင်ငံမှ လူငယ်များကို တီထွင်ဖန်တီးနိုင်စွမ်း ရှိစေလိုပြီး အတွေးအခေါ် မြင့်မားစေလိုသည်။

“အလုပ်တစ်ခုကို လုပ်ဆောင်ဖို့ တခြားနည်းလမ်းတွေ အမြဲရှိတယ်ဆိုတာ သူတို့ကို သိစေချင်တယ်” ဟု ခူးသွယ်က ပြောသည်။ မြန်မာနိုင်ငံမှ လူများသည် အိမ်ထောင်ရေးနှင့် ငွေကြေးအပေါ်တွင် အလွန်အကျွံ အာရုံထားနေကြသည်ဟု သူက ဆိုသည်။

သူသည် စာအုပ်များကို ဆက်လက်ရေးသားနေဆဲ ဖြစ်သည်။ သူသည် ဝတ္တုရှည် တစ်အုပ်ရေးရန် ကုန်ကြမ်းများ စုဆောင်းနေသည်။ ၁၉၀၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အကြား မျိုးဆက် သုံး ဆက်အကြောင်း ရေးသားမည့် သုံးအုပ်တွဲ ဝတ္တုရှည်ဖြစ်သည်။

ခူးသွယ်သည် ဒေသရိုးရာ ချက်နည်းပြုတ်နည်း စာအုပ်တစ်အုပ် ရေးသားရန်လည်း စိတ်ကူးရှိသည်။ အစားအစာများကို တာရှည်ခံအောင် လုပ်ထားသည့် ငါးခြောက်များ၊ အသားခြောက်များ၊ ဟင်းသီးဟင်းရွက် ချဉ်ဖတ်များနှင့် ဆန်ချက်ဝိုင်များမှ စိတ်ကူးရရှိလာခြင်း ဖြစ်သည်။

လက်ရှိတွင်မူ သူသည် ကယားပြည်နယ်သို့ လာရောက်သော ဧည့်သည်များကို ဓလေ့ထုံးတမ်းများအကြောင်း သင်ပြပေးသည်။ ထို့ပြင် ရိုးရာဓလေ့များနှင့် နည်းပညာကြား မျှတအောင်လည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ရေရှည်အခွင့်အလမ်းများ ပေးနိုင်သော ခရီးသွားလုပ်ငန်း ပုံစံတစ်မျိုးကို ITC က ဖန်တီးပေးနေသည်။ သို့ဖြင့် မိမိတို့ဒေသအကြောင်း ကိုယ်တိုင်ပြောပြနိုင်သော ဧည့်လမ်းညွှန် မျိုးဆက်သစ်ကို ဖော်ဆောင်ဖန်တီးပေးနိုင်မည် ဖြစ်သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar