ကျပ် ၇ ဘီလျံတန် ချေးငွေသဘောတူညီချက်ကို ရိုးမဘဏ်နှင့် Proximity Designs တို့ လက်မှတ်ထိုး

ရန်ကုန်၊ စက်တင်ဘာ ၅

ကျပ် ၇ ဒသမ ၃ ဘီလျံတန်ဖိုးရှိ ဆန်းသစ်သည့် Back to Back Funding Agreements အတွက် Proximity Designs နှင့် ရိုးမဘဏ်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်ဟု ရိုးမဘဏ်က ယနေ့ သတင်းထုတ်ပြန်သည်။

မြန်မာဘဏ်လုပ်ငန်းတစ်ခုအနေဖြင့် အသင့်အတင်သာ စိတ်ချရမှုရှိသော အသေးစား ငွေချေးလုပ်ငန်းများသို့ ချေးငွေထုတ်ချေး နိုင်မှုသည် ယနေ့ခေတ်တွင် မကြုံစဖူး ထူးခြားသောအခြေအနေတစ်ရပ် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Proximity Designs သည် ၎င်းတို့၏ အသေးစား ငွေချေးလုပ်ငန်းဖြစ်သည့် Proximity Finance ကို လုပ်ကိုင်လျက်ရှိပြီး လက်ရှိ တွင် ကျပ် ၂၀ ဒသမ ၅ ဘီလျံကျော် ထုတ်ချေးထားနိုင်ခဲ့ကာ ချေးငွေရယူ အသုံးပြုသူပေါင်း ၇၈,၀၀၀ ကျော် ရှိပြီ ဖြစ်သည်။

ရိုးမဘဏ်မှ ပြည်တွင်း၌ မြန်မာကျပ်ငွေဖြင့် အဆင့်ဆင့် ချေးငွေ ထုတ်ပေးနိုင်ခြင်းကြောင့် ယခု ချေးငွေသဘောတူညီမှုသည် Proximity Designs အဖွဲ့အား ပြည်ပမှ အမေရိကန်ဒေါ်လာဖြင့် ငွေကြေးထောက်ပံ့ခြင်းကို အပြည့်အဝ ကန့်သတ်နိုင်ပြီ ဖြစ်သည်ဟု ရိုးမဘဏ်၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

“ရိုးမဘဏ်က အခုလို Proximity Designs နဲ့ ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ဘဏ်အသုံးမပြုနိုင်သေးတဲ့ မြန်မာပြည်သူ လူထုကို ချေးငွေထုတ်ချေးနိုင်အောင် ပံ့ပိုးကူညီနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီ ငွေကြေးထောက်ပံ့မှုရဲ့ အကျိုးသက်ရောက်မှု က ရိုးမဘဏ်ဟာ အားလုံးပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ်ကို ပံ့ပိုးရန်ဆိုတဲ့ ကတိကဝတ်နဲ့ ကျွန်တော်တို့ရဲ့ ကျင့်ဝတ်မှန်ကန် ရိုးမဘဏ်ဆိုတဲ့ ယုံကြည်ချက်ကို ထင်ဟပ်စေပါတယ်” ဟု ရိုးမဘဏ်၏ Special Advisor to the Chairman and CEO ဖြစ်သူ Mr. Hal Bosher က ပြောကြားသည်။

ယခုသဘောတူညီမှုမှတစ်ဆင့် Proximity Designs အား ၎င်းတို့၏ အသေးစားငွေချေးလုပ်ငန်း ထပ်မံ တိုးတက်လာစေမည့်အပြင် လယ်သမားပေါင်း ၂၈,၀၀၀ ကျော်နှင့် အခြား ကျေးလက်အခြေပြု စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား ၎င်းတို့၏ လုပ်ငန်းများတွင် ရင်းနှီးငွေထည့်ဝင်မှု ပိုမိုလုပ်ဆောင်လာနိုင်မည့် ချေးငွေကို ရယူလာနိုင်မည် ဖြစ်သည်။

Proximity Finance ၏ CEO ဖြစ်သူ  Savoeung Chann က “Proximity Finance ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီ ထောက်ပံ့နိုင်ဖို့ ရိုးမဘဏ်နဲ့ ယခုလို ဆန်းသစ်တဲ့ သဘောတူညီချက်ကို ကြေညာခွင့်ရတာ အလွန်ဝမ်းမြောက်မိပါတယ်။  ဒီ သမိုင်းမှတ်တိုင်ဟာ မြန်မာနိုင်ငံတစ်ဝန်းရှိ လယ်သမားအိမ်ထောင်စုအသစ် ၂၈,၀၀၀ ဆီ ရောက်ရှိပြီ ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်နိုင်သလို ကျွန်တော်တို့ရဲ့ ချေးငွေရယူသူနဲ့ ကုန်စည်လက်ခံသူတွေဆီ ပိုပြီး တတ်နိုင်တဲ့ ထုတ်ကုန်တွေကို ပေးအပ်နိုင်ပါတယ်။ ယခုလိုမျိုး သမိုင်းဝင် သဘောတူညီမှု လုပ်ဆောင်နိုင်ခြင်းဖြင့် ရိုးမဘဏ်၊ ဗဟိုဘဏ်နဲ့ FRD တို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကူညီထောက်ပံ့မှုတွေကို ကျွန်တော်တို့အနေနဲ့ များစွာ အသိအမှတ်ပြုလိုပါတယ်”ဟု ပြောကြားသည်။

၁၉၉၃ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် ရိုးမဘဏ်သည်  လက်ရှိတွင် တန်ဖိုးအားဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်များစာရင်းတွင် နံပါတ် (၄) နေရာ၌ ရပ်တည်နေပြီး ဝန်ထမ်းပေါင်း ၃,၀၀၀ ကျော်ရှိကာ နိုင်ငံတစ်ဝန်းတွင် ဘဏ်ခွဲပေါင်း ၇၂ ဘဏ်ကို ဖွင့်လှစ်ထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.