ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ခရီးစဉ်ကို မြန်မာပယ်ချ

အေအက်ဖ်ပီ

ရိုဟင်ဂျာဒုက္ခသည်အကြပ်အတည်းအား မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရန် ကုလသမဂ္ဂအဖွဲ့ လာရောက်ရေးအတွက် ယခုလသည် “အချိန်ကောင်း” မဟုတ်သေးဟု မြန်မာအစိုးရက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြောကြားခဲ့သည်ဟု ကောင်စီဥက္ကဋ္ဌက ယမန်နေ့က ပြောကြားသည်။

ထိုကဲ့သို့ လာရောက်မည်ကို မြန်မာအာဏာပိုင်များက ဆန့်ကျင်ခြင်းမရှိဟု ကူဝိတ်သံအမတ်ကြီး Mansour al-Otaibi ကပြောကြားပြီး မတ်၊ သို့မဟုတ် ဧပြီတွင် သွားရောက်နိုင်လိမ့်မည်ဟုဆိုသည်။

“ဒီလို သွားရောက်မှုအတွက် အခုက အချိန်ကောင်းမဟုတ်ဘူးလို့ပဲ သူတို့က ထင်တာပါ” ဟု ဖေဖော်ဝါရီလအတွက် ကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ၎င်းက ကုလသမဂ္ဂဌာနချုပ်တွင် သတင်းထောက်များကို ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် စစ်တပ်၏ စစ်ဆင်ရေးများအတွက် ထွက်ပြေးခဲ့ကြရသည့် ထောင်နှင့်သောင်းနှင့်ချီသော မူဆလင်ရိုဟင်ဂျာ ဒုက္ခသည်များအား ပြန်လာခွင့်ပေးရန် ကောင်စီက တောင်းဆိုထားသည်။

မြန်မာပြည်တွင်း အခြေစိုက်သည့် သံတမန်များအတွက် ခရီးစဉ်ကို စီစဉ်ပေးရန်အတွက် မြန်မာအာဏာပိုင်များက ကြိုးစားနေသည်ဟု သံအမတ်ကြီးက ပြောကြားသည်။ “လတ်တလောအချိန်တွင် ရခိုင်ပြည်နယ်တွင်း၌ တင်းမာမှုများ အလွန်အမင်းရှိနေသည်”ဟု ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လနောက်ပိုင်း စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းခန့်မှာ နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသည်။ အဆိုပါစစ်ဆင်ရေးများမှာ လူမျိုးစုအလိုက် ရှင်းလင်းမှုများဖြစ်သည်ဟု ကုလသမဂ္ဂက ပြောကြားထားသည်။

မြန်မာနိုင်ငံအတွက် အထူးသံတမန်ခန့်အပ်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres အား တိုက်တွန်းသည့်အဆိုကို ပြီးခဲ့သည်လက ကုလသမဂ္ဂအထွေထွေညီလာခံတွင် ချမှတ်ခဲ့သည်။ သို့သော် ခန့်အပ်နိုင်ခြင်းမရှိသေးပေ။

အဆိုပါအဆိုအား မြန်မာနိုင်ငံအား ထောက်ခံသည့် တရုတ်နှင့် ရုရှားတို့က ကန့်ကွက်ခဲ့ကြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar