“တရားမဝင်တာကို တရားဝင်အောင်ရော လုပ်လို့မရဘူးလားဆိုပြီး ကျွန်တော်တို့က အမြဲတမ်းပြောပါတယ်။အခုက အဲလိုတွေပိတ်ဆို့မှုတွေလုပ်တော့ ကုန်ဈေးနှုန်းတွေ တက်သွားတယ်”
ကုန်ပစ္စည်းတွေဈေးတက်တာထက် ပစ္စည်းတွေပြတ်ပြီး ဝယ်မရမှာ ပိုကြောက်တာ။
နယ်စပ်နဲ့ လေကြောင်းကတဆင့် သွင်းကုန်ပစ္စည်းတင်သွင်းမှုတွေကို စိစစ်ကန့်သတ်မှုတွေကြောင့် ပြည်တွင်းမှာ ကုန်ပစ္စည်းပြတ်လတ်မှုတွေနဲ့ ဈေးနှုန်း မြင့်တက်လာနေပါတယ်။ လက်ရှိအချိန်မှာတော့ ပြည်တွင်းမှာနေထိုင်သူတွေဟာ ရှိတဲ့ပစ္စည်းအနည်းငယ်ကိုပဲ ဈေးကြီးကြီးပေးဝယ် သုံးစွဲနေကြရပါတယ်။
မင်္ဂလာပါရှင်။ မြန်မာနိုင်ငံတစ်ဝှမ်းက လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ ဒို့အသံ အပတ်စဉ် podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီအစီအစဉ်ကို Foundation Hirondelle က ကူညီပံ့ပိုးပေးထားတာပါ။ဒီတပတ် အစီအစဉ်ကို ဒို့အသံအဖွဲ့သားတွေက ဆက်လက်တင်ဆက်ပေးပါမယ်။ ဆောင်းပါးအတွင်း လုံခြုံရေးအခြေနေတွေကြောင့်နာမည်တွေကို ပြောင်းလဲအသုံးပြုထားပါတယ်။