ရခိုင်ပြည်နယ်သတင်း၊ သတင်းစာပညာ၊ ပဋိပက္ခများနှင့် အသိအမှတ်ပြုမှု

လူမျိုးရေးမုန်းတီးမှုများကြောင့် စိတ်ဝမ်းကွဲနေကြသော ပြည်နယ်တွင် သတင်းရယူရခြင်းကြောင့် ဖြစ်ပေါ်လာရသော ဓမ္မဓိဋ္ဌာန်ကျခြင်း၊ အသိအမှတ်ပြုခံရခြင်းနှင့် ယုံကြည်မှုရရှိခြင်းတို့တွင် အကျပ်အတည်းတွေ့ရပုံကို ကြားခံဆက်သွယ်ပေးသူ မြန်မာသတင်းသမား တစ်ယောက်က ပြန်လည်ပြောပြထားပါသည်။

အိမ့်သီရိသူ ရေးသားသည်။

၂၀၁၆ ဒီဇင်ဘာက ကျွန်ုပ်၏၂၅ ကြိမ်မြောက် သတင်းယူခရီးစဉ်အဖြစ် မြန်မာနိုင်ငံအနောက်ဘက်ရှိ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့သည်။ အခြားပြည်နယ်၊ အခြားပဋိပက္ခတို့ထက် ရခိုင်ပြည်နယ်က ကျွန်ုပ်ကို ပြောင်းလဲသွားစေရုံမက ကျွန်ုပ်၏နိုင်ငံအပေါ် နားလည်ထားမှုများလည်း ပြောင်းလဲသွားခဲ့ရသည်။

ကျွန်ုပ်၏မိသားစုသည် တိုင်းရင်းသား လေးမျိုးရောနှောနေသည့် မိသားစုဖြစ်သော်လည်း ကျွန်ုပ်သည် ဗမာ – ဗုဒ္ဓဘာသာ အဖြစ်ကြီးပြင်းလာသည်။

ဒါသည်ပင် လူမျိုးရေးနှင့်ဘာသာရေးနှစ်မျိုးစလုံးတွင် အများစုဖြစ်ကြသည့် အနေအထားနှင့် အခွင့်အရေးကို ကျွန်ုပ်ရရှိထားခြင်းဖြစ်တော့သည်။

၂၀၀၆ ခုနှစ်ထိ မြို့တော်ရန်ကုန်တွင်နေထိုင်ခြင်းကြောင့် ကျွန်ုပ်၏ဘဝတလျှောက်တွင် စစ်အစိုးရ၏ ဝါဒဖြန့်မှုများ လွှမ်းမိုးခံခဲ့ရသည်။

ကျောင်းသင်ခန်းစာ သမိုင်းစာအုပ်များတွင်လည်း ကျွန်ုပ်တို့သည် ကြီးကျယ်ခမ်းနားသော မြန်မာလူမျိုးတို့၏ မင်းနေပြည်တော်အကြောင်းများကိုသာ လေ့လာသင်ကြားခဲ့ရသည်။

တိုင်းရင်းသားလူမျိုးတို့၏ သမိုင်းကြောင်းများကတော့ ချန်လှပ်ခံထားခဲ့ရသည်။

အစိုးရသတင်းစာများ၌လည်း တိုင်းရင်းသားလက်နက်ကိုင်သူများအား နိုင်ငံကိုမငြိမ်မသက်ဖြစ်စေလိုသည့် သောင်းကျန်းသူများ၏ လှုပ်ရှားမှုအဖြစ် လေ့လာမှတ်သားခဲ့ကြရသည်။

ဗမာများဦးဆောင်သည့်တပ်မတော်က တိုင်းရင်းသားဒေသများကို မတရားအုပ်ချုပ်နေသည်ဟု မည်သူတစ်ဦးတစ်ယောက်ကမျှ ဖော်ပြမထားပေ။

တိုင်းရင်းသားလူမျိုးစုတို့မှာ သူတို့၏ ရိုးရာဝတ်စုံများနှင့် ရိုးရာအကအလှများရှိကြသည်ဟူသော အကြောင်းလောက်သာ ကျွန်ုပ်တို့သိထားခဲ့သည်။

သူတို့ဘာကြောင့် တိုက်ပွဲတွေဆင်နွှဲနေတယ်၊ တိုက်ပွဲတွေကြောင့် သူတို့ဘဝတွေမှာ ဘယ်လိုထိခိုက်နစ်နာကြရတယ်ဆိုသည်တို့ကိုမူ ကျွန်ုပ်မသိခဲ့ပါ။ ကျွန်ုပ်သည် ဒါတွေကို မသိနားမလည်ဘဲ ကြီးပြင်းလာခဲ့ရပါသည်။

ဤအကြောင်းအရာကတော့ ပဋိပက္ခများ၏ တဖက်ခြမ်းကလူ၊ သို့မဟုတ် အခြားတစ်ဖက်ကလူအဖြစ် သတ်မှတ်ကြသည့် တိုင်းရင်းသားပြည်နယ်ထဲမှာ ဘက်မလိုက်ဘဲ သတင်းယူခွင့်ရရန်သွားလာရင်း တွေ့ရှိလာရသော စိန်ခေါ်မှုများကို ကျွန်ုပ်က ရှာဖွေဖော်ထုတ်ထားခြင်းဖြစ်သည်။

ဆယ်စုနှစ်များစွာ စစ်အစိုးရသည် သတင်းရယူခြင်းများကို ကန့်သတ်ချုပ်ချယ်ထားခဲ့ပြီး အင်အားကောင်းသော ဝါဒဖြန့်မှုနည်းဗျူဟာဖြင့် အာဏာကိုကိုင်စွဲထားခဲ့သည်။ ယင်းက အချိန်ကာလကြာရှည်သော အကျိုးဆက်များ ဖြစ်လာစေခဲ့သည်။

သမိုင်းတလျှောက် နားလည်မှုလွဲမှားခြင်းနှင့် သတင်းမှားတို့ကြောင့် မြန်မာလူမျိုးတို့၏ မြေနိမ့်ဒေသများနှင့် ပြည်နယ်များအကြား ကြီးမားသော ဆက်ဆံရေးကွာဟချက်များ ဖြစ်ပေါ်လာရသည်။ အထူးသဖြင့် လူမှုမီဒီယာကြားခံတို့သည် သတင်းများမျှဝေရန် အဓိကနည်းလမ်းဖြစ်လာသော ယနေ့အချိန်အခါမျိုးတွင် ဖြစ်ပေသည်။

ဤအရာသည် ရခိုင်ဗုဒ္ဓဘာသာတို့နှင့် ရိုဟင်ဂျာမွတ်ဆလင်တို့ကြား အပြန်အလှန် ပဋိပက္ခများကို ဖြစ်ပေါ်စေပြီး ကြာရှည်လေးမြင့် ဆက်လက်တည်တံ့နေစေသည်။

နှစ်ဖက်စလုံးမှာ လိုရာဆွဲပြောခြင်း၊ ချဲ့ကားပြောခြင်းတို့ကြောင့် သတင်းများသည် အင်အားနှင့် လက်နက်များ ဖြစ်လာရသည်။

လူအများပြောကြသည့်အရာများပေါ်တွင် ယုံကြည်ရန်ခက်လာပြီး မှန်ကန်တိကျသော သတင်းဌာနများ၏ သတင်းများပေးနိုင်ရန်လည်း ခက်ခဲလာသည်။

ရခိုင်မြောက်ပိုင်းနှင့် ရိုဟင်ဂျာတို့အကြောင်းဖော်ပြရန် သုံးနှုန်းသောအသုံးအနှုန်းများသည်ပင် အလွန်ကို အကဲဆတ်လွန်းလှပါသည်။

ယခင်ထဲက ရိုဟင်ဂျာတို့နေခဲ့သော ပြည်နယ်၏မြောက်ပိုင်းရှိ ဧရိယာကျယ်ကြီးကို တပ်မတော်က ကန့်သတ်ထားခြင်းသည် ထိုနေရာသို့ သွားလာနိုင်ရန်နှင့် အခြေအနေများကို နားလည်နိုင်ရန် ပို၍ ခက်ခဲလာစေသည်။

ကျွန်ုပ်သည် လူတွေ့မေးမြန်းခြင်း၊ ရခိုင်ပြည်နယ်တွင်းမှ နိုင်ငံရေးဘာသာစကားနှင့် အသိအမှတ်ပြုမှုတို့ကို စူးစမ်းရှာဖွေရန်၊ အမှန်တရားသိရှိနိုင်ရန်တို့အတွက် စိန်ခေါ်မှုများကိုလည်း ရှင်းပြရန် ယုံကြည်မှုတည်ဆောက်ရခြင်း စ

မျက်စိဖွင့်ထားခြင်း

ဒေါ်အောင်ဆန်းစုကြည်၏ပါတီ အာဏာရလာသော ၂၀၁၅ အထွေထွေရွေးကောက်ပွဲပြီးနောက် ရက်အနည်းငယ်အကြာတွင် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ကြားတွင် နိုင်ငံမြောက်ပိုင်း၌ တိုက်ပွဲများ ရုတ်တရက်ဖြစ်ပေါ်လာသည်။

ပဋိပက္ခများကို လေ့လာနိုင်ရန်နှင့် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာမှုအဖြစ် အရပ်သားများအတွက် လူ့အခွင့်အရေးချိုးဖောက်ခြင်းများကို လေ့လာနိုင်ရန် ကချင်ပြည်နယ်သို့ ကျွန်ုပ်သွားရောက်ခဲ့သည်။ ဤအရာသည် စစ်ဖြစ်နေသောဒေသတွင်းသို့ သွားရောက်သည့် ကျွန်ုပ်၏ပထမဆုံး လုပ်ငန်းတာဝန်ဖြစ်သည်။

မိုးညှင်းမြို့ငယ်လေးတွင် ရှေ့တန်းစစ်မျက်နှာနှင့် နီးကပ်နေသော တောင်ကုန်းတစ်ခုဆီသို့ သွားနေစဉ်မှာပင် ကျွန်ုပ်သည် ရင်တဆတ်ဆတ်ခုန်လျက်ရှိသည်။

တောင်ထိပ်ရောက်ဖို့ ၄၅ မိနစ်လောက်သာ ကြာသော်လည်း မြေမြှုပ်မိုင်းများရှိနိုင်သည်ဟု သိထားခြင်းကြောင့် ကျွန်ုပ်စိတ်တွင် ကြာသင့်သည်ထက်ပိုကြာသည်ဟု ထင်ရလေသည်။

သည်အချက်က ပဋိပက္ခဖြစ်နေသည့်ဒေသများ၌ ပြည်သူများခမျာ သူတို့၏နေ့စဉ်ဘဝများကို မည်သို့ဖြတ်သန်းနေရမှန်း ကျွန်ုပ်ထဲထဲဝင်ဝင် စတွေးမိသော အခိုက်အတန့်ပင် ဖြစ်ပါတော့သည်။

သူတို့ တိုက်ပွဲတွေနဲ့ ဘယ်လိုလိုက်လျောညီထွေနေနေရပြီး ရှင်သန်ရပ်တည်နေကြသလဲ။ သူတို့ သတင်းတွေကို ဘယ်ကနေ သိကြရသလဲ။ သူတို့ရဲ့အနာဂတ်က ဘာလဲ။

သူတို့၏ဒုက္ခတွေကို လျှပ်တပြက်မြင်လိုက်ရပြီး သေနတ်သံ၊ ဗုံးသံများကြားမှာ အိပ်စက်နေကြရသည့် သူတို့ဘဝတွေ၏ ခါးသီးမှုတွေကိုလည်း ကျွန်ုပ် ခံစားနားလည်တတ်ခဲ့ပြီဖြစ်သည်။

မြန်မာတို့သည် ဖိနှိပ်အုပ်ချုပ်သည့် စစ်အစိုးရ၊ စစ်ပွဲများနှင့် ကာလရှည်ကြာ နေထိုင်နေခဲ့ရသည့်အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ကျွန်ုပ်တို့နေ့စဉ်ဘဝ၏ ရှောင်လွဲမရနိုင်သော အစိတ်အပိုင်းများဖြစ်သည်။

ဒီလိုချိုးဖောက်ခံရမှုများသည် တစ်နေရာနှင့်တစ်နေရာ၊ တိုင်းရင်းသားတစ်စုနှင့်တစ်စု၊ ဘာသာတစ်ခုနှင့်တစ်ခု၊ တစ်ဦးနှင့်တစ်ဦး၊ အထူးသဖြင့် မြန်မာမြေနိမ့်ဒေသနှင့် တိုင်းရင်းသားလူမျိုးစုများကြားတွင် ပုံသဏ္ဍာန်နှင့် အနည်းအများသာ ကွာခြားပါသည်။

ကျွန်ုပ်တို့အားလုံးသည် စနစ်တကျ ဖျက်ဆီးခံထားရသော ပညာရေးစနစ်ကို ရရှိခဲ့သကဲ့သို့ ဆင်းရဲတွင်းလည်း ပိုနက်ခဲ့ကြရပြီး အကြောက်တရားများ၊ သံသယများ၊ မသိကျိုးကျွန်ပြုခံရမှုများကိုသာ မျှဝေခံစားကြရသည်။

ကာလကြာရှည်စွာ သတင်းအချက်အလက်များကို ထိန်းချုပ်တားဆီးထားခဲ့ကြပြီး ကျွန်ုပ်တို့ အလွယ်တကူ လေ့လာနိုင်သော မီဒီယာများမှာ အစိုးရသတင်းစာ၊ ဘီဘီစီ၊ ဗီအိုအေ၊ အာရ်အက်ဖ်အေ တို့လောက်သာ ဖြစ်ကြသည်။

ဗမာတစ်ယောက်က တိုင်းရင်းသားတို့၏ ဒေသတို့၌ ဘာတွေဖြစ်နေသည်ကို သဲလွန်စရှာမရနိုင်သလို ပြည်နယ်တွေမှာလည်း မြို့ကြီးများမှ ဗမာလူမျိုးတို့၏ခက်ခဲသောဘဝများကို သိနားလည်နိုင်မည်မဟုတ်ပေ။

ကျွန်ုပ်တို့သည် တနိုင်ငံတည်းတွင် ကမ္ဘာတွေခြားနေခဲ့ကြတော့သည်။

၂၀၀၈ ခုနှစ် ကျွန်ုပ် အသက် ၁၈ နှစ်တုန်းက ရန်ကုန်မြို့မှ အမေရိကန်စင်တာတွင် မှတ်တမ်းသတင်းကားများနှင့် စာအုပ်များကို လေ့လာခဲ့ရသည်။

အဲဒီမှာ ကျွန်ုပ်သည် လူအများအတွက် သတင်းအချက်အလက်များ လိုအပ်သည်ဆိုခြင်းကို သဘောပေါက်လာခဲ့ရသည်။

ကျွန်ုပ်သည် တက်ကြွလှုပ်ရှားသူတစ်ယောက် ဖြစ်လာသော်လည်း တိုင်းရင်းသားဒေသတို့၌ နေထိုင်ကြသော လူများ၏ဘဝအခြေအနေတို့ကိုတော့ မတွေ့မြင်ခဲ့သေးပေ။

ကျွန်ုပ် နိုင်ငံခြား သတင်းထောက်များနှင့် သုတေသီတစ်ယောက်ကို ကူညီပေးရသော ကြားခံလူအဖြစ် လုပ်ကိုင်လာသည့်အခါ ကျွန်ုပ်နိုင်ငံ၏ အခြားနေရာများအကြောင်းပိုသိကာ မျက်စိပွင့်လာလေသည်။

ရန်ကုန်ကသူငယ်ချင်းများကတော့ ကျွန်ုပ်ပြောသည့် အကြောင်းအရာများကို မယုံကြည်နိုင်ကြပေ။

ဥပမာ – ရှမ်းပြည်မြောက်ပိုင်းကိုသွားစဉ်က သိရှိလာခဲ့ရသော အမှန်တရားတစ်ခုကို ကျွန်ုပ်က တစ်ယောက်ယောက်ကို ပြောတယ်ဆိုပါစို့။

အဲဒီ့ပြည်နယ်မှာ ပဋိပက္ခတွေတိုးလာပြီး လက်နက်ကိုင်အင်အားစု များစွာရှိနေသောကြောင့် ရွာသားများသည် လက်နက်ကိုင်အဖွဲ့တွေကို အလှည့်ကျ အထမ်းသမားများအဖြစ် လုပ်ကိုင်ပေးကြရသည်။

ရွာသားများသည် စစ်သားတွေက လယ်ထဲတောထဲကနေ လူများကို ကြုံသလိုဆွဲသွားတတ်လို့ သူတို့အိမ်ကို ဘေးကင်းကင်းပြန်နိုင်ဖို့ပဲ မျှော်လင့်နေကြရသည်။

စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်နေတာ ခင်ဗျားသိသလားလို့ စစ်ပြေးဒုက္ခသည်စခန်းက လူတစ်ယောက်ကို မေးသောအခါ ထိုသူက ပြုံးပြီးပြန်ဖြေတာကတော့ “မသေဖို့တောင် မနည်းကြိုးစားနေရတာ လူ့အခွင့်အရေးတို့ ဥပဒေအကာအကွယ်တို့ဆိုတာတွေကို ကျုပ်တို့ ဘယ်လို ဂရုစိုက်နိုင်မှာလဲ” ဟူ၍ဖြစ်သည်။

A police officer patrols the road between Maungdaw and Buthidaung in northern Rakhine State. (Steve Tickner | Frontier)

A police officer patrols the road between Maungdaw and Buthidaung in northern Rakhine State. (Steve Tickner | Frontier)

ခါးသီးသောအမွေ

ကျွန်ုပ်တို့နိုင်ငံသည် ၁၈၈၆ မှ ၁၉၄၈ အထိ ဗြိတိသျှကိုလိုနီ ဖြစ်ခဲ့ရသည်။ အဲဒီ့မတိုင်ခင် ဗမာနဲ့ရှမ်း၊ ဗမာနဲ့ရခိုင် တို့ကြား ရံဖန်ရံခါ စစ်ဖြစ်တတ်ကြပြီး သီးခြားလူမျိုးစုတို့သည် သူတို့ကိုယ်ပိုင်ဒေသများတွင် သီးခြားနေထိုင်ခဲ့ကြသည်။

ဗြိတိသျှအစိုးရလက်အောက် ရောက်သည့်အခါ ဤလူမျိုးစုအားလုံး အိန္ဒိယအင်ပါယာ၏အစိတ်အပိုင်း တစ်ခုအဖြစ် ပေါင်းစပ်အုပ်ချုပ်ခံခဲ့ရသည်။

မြေနိမ့်ဒေသများတွင် ဗမာအများစုနေထိုင်ကြပြီး တောင်တန်းဒေသတွေမှာ တိုင်းရင်းသား လူမျိုးစုများ နေထိုင်ကြသည်။

၁၉၄၀ ပြည့်လွန်နှစ်များ၌ လွတ်လပ်ရေး ကြိုးပမ်းမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သော ငယ်ရွယ်သည့် ခေတ်ပညာတတ်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည် တနိုင်ငံလုံးလွတ်လပ်ရေးရရှိဖို့ ပြည်ထောင်စုဖွဲ့စည်းနိုင်ရေးအတွက် တောင်တန်းဒေသရှိ တိုင်းရင်းသားများကို စည်းရုံးရန်ကြိုးစားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အစည်းအဝေးများစွာထိုင်ပြီး လွှတ်တော်ထဲတွင် မိန့်ခွန်းတစ်ရပ်ပြောပြီးနောက် အများစုဖြစ်သောဗမာတို့က တိုင်းရင်းသားတို့အပေါ် မည်သည့်အခါမျှ လှည့်စားမည်မဟုတ်၊ သူတို့နယ်မြေဒေသများကို သိမ်းယူမည်မဟုတ်ဟု ကတိပေးပြောကြားခဲ့ပြီး ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗမာနှင့် တောင်တန်းဒေသမှ အဓိကတိုင်းရင်းသားလူမျိုးစု သုံးစုတို့က သမိုင်းဝင်ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ဤသဘောတူညီချက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပြည်နယ်များကြား တန်းတူညီတူအခွင့်အရေးရရှိရေး သဘောတရားကို အခြေခံထားသည့် လွတ်လပ်သော ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ရေးဆွဲထားသည်။

ကံမကောင်းစွာနှင့်ပင် အဖြစ်အပျက်တို့မှာ စီစဉ်ထားသလို ဖြစ်မလာခဲ့ပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုနှစ်တွင်ပင် လုပ်ကြံခံလိုက်ရသည်။

၁၉၄၈ တွင် နိုင်ငံလွတ်လပ်ရေးရပြီးနောက် အစိုးရသစ်သည် ဖယ်ဒရယ်ပြည်ထောင်စု အစီအစဉ်ကို မဆောင်ရွက်နိုင်ခဲ့ပေ။

ယင်းအစား သူတို့သည် တိုင်းရင်းသားတို့၏ပြည်နယ်များတွင် အချိန်ကြာမြင့်စွာရှိနေခဲ့သော မိရိုးဖလာ အုပ်ချုပ်မှုစနစ်များကို ပြိုပျက်စေခြင်းကြောင့် စစ်တပ်နှင့်တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကြား တင်းမာသောပဋိပက္ခများကို ဖြစ်ပေါ်လာစေသည်။

တိုင်းပြည်ကိုထိန်းသိမ်းနိုင်ရန် စစ်တပ်က နိုင်ငံရေးလောကထဲ ဝင်ရောက်လာပြီး ၁၉၅၈ မှ ၁၉၆၀ ထိ နိုင်ငံကို အုပ်ချုပ်ခဲ့သည်။

ထို့နောက် အာဏာလိုချင်သော ဗိုလ်ချုပ်နေဝင်းသည် ၁၉၆၂ မတ်လတွင် တိုင်းပြည်အာဏာကိုသိမ်းခဲ့သည်။

အကြွင်းမဲ့အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်သော စစ်အစိုးရသည် နှစ်ပေါင်းငါးဆယ်ကျော် နိုင်ငံ့အာဏာကို ချုပ်ကိုင်ထားခဲ့ပြီး ၂၀၁၁ တွင် အရပ်သားတစ်ဝက် အစိုးရတက်လာပြီးနောက် ၂၀၁၆ ၌ အရပ်သားအစိုးရစစ်စစ် ဖြစ်လာခဲ့သည်။

တိုင်းရင်းသားပဋိပက္ခများ ကိုင်တွယ်ဖြေရှင်းနိုင်မည့်နည်းလမ်းကိုမူ မည်သည့်အစိုးရကမှ အဖြေမထုတ်နိုင်ခဲ့ပေ။

သတင်းယူခွင့်ရရှိရေး

ရိုဟင်ဂျာမွတ်ဆလင်များနှင့် ရခိုင်ဗုဒ္ဓဘာသာတို့အကြား အကြမ်းဖက်မှုများ ရုတ်တရက်ဖြစ်ပွားပြီး ခြောက်လအကြာ ၂၀၁၂ နှောင်းပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်သို့ ကျွန်ုပ်ရောက်သွားခဲ့သည်။

ကျွန်ုပ်သည် အစိုးရသတင်းစာများတွင် အကြမ်းဖက်သတင်းကို ဖတ်ရှုခဲ့ရသည်။

သတင်းစာ၌ဖော်ပြသည်မှာ တောင်ကုတ်တွင် ဒေါသထွက်နေသောလူတစ်စုက မွတ်ဆလင် ၁၀ ယောက်ကို သတ်ခဲ့ကြောင်းပါရှိပြီး “ကုလား” ဟူသည့်စကားဖြင့် သုံးနှုန်းဖော်ပြခဲ့သည်။

ရှေးယခင်က နှုတ်ပြောအရ ကုလားဆိုသည်မှာ မူလက အိန္ဒိယမှ ပြောင်းရွှေ့လာသူ နိုင်ငံခြားသားများ၊ သို့မဟုတ် ရွှေ့ပြောင်းနေထိုင်သူများကို ဆိုလိုခြင်းဖြစ်သည်။ ယခုတော့ မွတ်ဆလင်နှင့် ဟိန္ဒူများကို ခေါ်ဆိုရာ၌ သုံးနှုန်းလာကြသည်။

နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်မှာ ဤအကြမ်းဖက်မှုမှာ ဗုဒ္ဓဘာသာမိန်းကလေးတစ်ယောက်သည် မွတ်ဆလင်များ၏ မုဒိမ်းကျင့်၊ သတ်ဖြတ်ခံရပြီးနောက် စတင်ဖြစ်လာသည်ဟုဆိုသည်။

အစိုးရသတင်းစာများတွင် ယင်းသို့သောသတင်းမျိုးကို တွေ့မြင်ရသည်မှာ အံ့သြစရာတော့ကောင်းပါသည်။

ကျွန်ုပ်ဘဝတလျှောက်လုံးတွင် အစိုးရသည် အထူးသဖြင့် အကြမ်းဖက်လုပ်ရပ်များအပါအဝင် အမှန်တရားကို ဖုံးကွယ်ထားရန်သာ ကြိုးစားခဲ့ကြသည်ကိုတွေ့နိုင်သည်။

ထို့ကြောင့်ပင် သူတို့ပြောသည့်အရာတို့ကို ယုံကြည်ရန်ခက်ခဲကြောင်း ကျွန်ုပ်တို့တွေ့ရှိရပါသည်။

၂၀၁၂ ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီ၏ ရွေးကောက်ပွဲရလဒ်များကြောင့် ယခင်အာဏာရှိသူတို့က ပဋိပက္ခများကို မီးလောင်ရာလေပင့်ရန်များ ကြိုးစားနေကြသလားဟု စူးစမ်းမိရသည်။

၂၀၁၂ အကြမ်းဖက်မှုအတွင်း လူပေါင်းများစွာ သူတို့၏အသက်အိုးအိမ်များစွာ ဆုံးရှုံးခဲ့ကြရသည်။ ထိုသူများတွင် အများစုမှာ ရိုဟင်ဂျာများဖြစ်သည်။

အစိုးရသည် အကြမ်းဖက်မှုများ အရှိန်မြင့်လာမှုမှကာကွယ်ရန် လူမျိုးစုနှစ်စုကို ခွဲခြားထားခဲ့သည်။ ရိုဟင်ဂျာမွတ်ဆလင်များကို ပြည်နယ်၏မြို့တော် စစ်တွေ၏အပြင်ဘက် ဒုက္ခသည်စခန်းများသို့ ပြောင်းရွှေ့ပေးခဲ့ပြီး လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်မပြုဘဲ ကျန်းမာရေးကိစ္စနှင့် ပညာရေးတို့တွင်လည်း သွားလာခြင်းများကို ကန့်သတ်ထားသည်။ ရခိုင်ဗုဒ္ဓဘာသာများကိုတော့ မြို့၏ အလယ်တွင် ထားခဲ့သည်။ နှစ်ဖက်ကြားတွင် ရထား?

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar