Huawei က နောက်ဆုံးပေါ် Mate 20 Series စမတ်ဖုန်းများ မိတ်ဆက်

Huawei  က နောက်ဆုံးထုတ်လုပ်လိုက်တဲ့ Mate 20 Series စမတ်ဖုန်းတွေကို နိုဝင်ဘာ ၉ ရက်နေ့အထိ Pre-Order မှာယူနိုင်ပြီဖြစ်တယ်လို့ Huawei က ကြေညာလိုက်ပါတယ်။

Huawei ရဲ့ Mate 20 နဲ့ Mate 20 Pro တို့မှာ ၆ ဒသမ ၅ လက်မနဲ့ ၆ ဒသမ ၃၉ လက်မအရွယ် light-emitting diode (OLED) full view မျက်နှာပြင်တွေ ပါရှိပြီး အသီးသီးပါရှိပြီး ပိုမိုကျယ်ပြန့်တဲ့ ရှုထောင့်ကို ရိုက်ကူးနိုင်စေဖို့ Leica မှန်ဘီလူး ကင်မရာ သုံးခု၊ အချိန်ကြာမြင့်စွာ သုံးစွဲနိုင်မယ့် ဘတ္ထရီနဲ့အတူ Fast Charging နဲ့ Super Charging စနစ်တို့လည်းပါဝင်လာတယ်လို့ Huawei ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

“Huawei Mate 20 Series က ၂၀၁၈ ထဲမှာ မိတ်ဆက်ထားတဲ့ တခြား စမတ်ဖုန်းတွေရှေ့မှာ ဦးဆောင်နေတဲ့ တကယ့် Game-Changer ဖြစ်ပြီး မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် အကောင်းဆုံးသော “mate (မိတ်ဆွေ)” အဖြစ် ရပ်တည်ပေးဖို့ ဒီဇိုင်းဖန်တီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်” လို့ Huawei Device Myanmar ရဲ့ ဈေးကွက်ဒါရိုက်တာဖြစ်သူ မခင်ရတနာဝင်းက အောက်တိုဘာ ၃၁ ရက်က ပြုလုပ်တဲ့ မိတ်ဆက်ပွဲမှာ ပြောကြားပါတယ်။

“ပိုမိုကြွယ်ဝပြီး ပိုမို စိတ်တိုင်းကျ ကျေနပ်မယ့် လူနေမှုဘဝအတွက် ဒီဇိုင်းဖန်တီးထားတဲ့ ဒီ ဟန်းဆက်က အားလုံးရဲ့ ဘဝတွေကို ပိုမိုကောင်းမွန်စေအောင် ဆောင်ရွက်ပေးမယ့် မျိုးဆက်တစ်ခုဆိုတာကို ကျွန်မတို့အနေနဲ့ ယုံကြည်မှုရှိရှိ ပြောကြားချင်ပါတယ်” လို့လည်း သူမက ပြောပါတယ်။

မြန်မာနိုင်ငံမှာ Mate 20 Pro ကို Emerald Green နှင့် Black အရောင်ဖြင့် ရရှိနိုင်ပြီး Mate 20 ကို Midnight Blue နဲ့ Twilight အရောင်တို့ဖြင့် ရရှိနိုင်မယ်လို့ Huawei က ပြောပါတယ်။ Mate 20 ကို ကျပ် ၁,၀၉၉,၀၀၀ ဖြင့် ရောင်းချသွားမယ်လို့ဆိုပြီး Mate 20 Pro ကို ကျပ် ၁,၄၉၉,၀၀၀ နဲ့ ရောင်းချမယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်အတွက် ပထမဆုံး အရောင်းပွဲကိုတော့ Junction City မှာ နိုဝင်ဘာ ၁၀ ရက်နေ့၌ ကျင်းပသွားမယ်လို့ သိရပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.