၂၀၁၈ အတွင်း မြန်မာနိုင်ငံ၌ Huawei စမတ်ဖုန်း အလုံးတစ်သန်းကျော် ရောင်းချ

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စမတ်ဖုန်းအလုံးရေ တစ်သန်းအထိ ရောင်းချနိုင်ခဲ့သည်ဟု တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Huawei က ပြောကြားသည်။

“မြန်မာမှာ Huawei ရဲ့ တိုးတက်နှုန်းဟာ အတော်လေးအားရစရာကောင်းခဲ့ပါတယ်။ carrier business ပိုင်းမှာ တည်ငြိမ်နေခဲ့ပြီး consumer business အပိုင်းတွေမှာတော့ စိတ်လှုပ်ရှားစရာ တိုးတက်မှုတွေ ရှိခဲ့ပါတယ်” ဟု ဧပြီ ၈ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Huawei Myanmar ၏ ဒု အထွေထွေမန်နေဂျာ Bob Zhu က ပြောကြားသည်။

“၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စမတ်ဖုန်းအလုံးရေ တစ်သန်းကျာ် ရောင်းချနိုင်ခဲ့ပြီးတော့ ကျွန်တော်တို့ရဲ့ Consumer business က မနှစ်ကထက် ၃၆ ရာခိုင်နှုန်း ပိုပြီး တိုးတက်လာပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုနှစ်ကစတင်ကာ Huawei ထုတ်ကုန်စမတ်ပစ္စည်းများကို နိုင်ငံတကာနှင့် တချိန်တည်း မြန်မာနိုင်ငံတွင်လည်း ရောင်းချပေးသွားမည်ဟု ၎င်းကပြောသည်။ “မြန်မာနိုင်ငံက သုံးစွဲသူတွေအနေနဲ့ ပြည့်ဝပြီး ခေတ်မီတဲ့အတွေ့အကြုံ  တွေကို အခြားသောဈေးကွက်က သုံးစွဲသူတွေနဲ့ တစ်ချိန်တည်းမှာ ခံစားနိုင်တော့မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

Huawei ၏ စီးပွားရေးလုပ်ငန်းများက နိုင်ငံတကာတွင် အောင်မြင်ခဲ့သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အမြတ်အစွန်းများ ရရှိခဲ့သည်ဟုဆိုသည်။

၂၁၀၈ ခုနှစ်က တစ်ကမ္ဘာလုံးတွင် အရောင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၅ ဒသမ ၁၉ ဘီလျံရှိခဲ့ရာ  ယခင်နှစ်ကထက် ၁၉ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်ဟု Huawei က ပြောကြားသည်။ “အချုပ်ပြောရရင် ၂၀၁၈ ခုနှစ်အတွက် အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၈ ဒသမ ၆၄ ဘီလျံ ရခဲ့ပြီး အရင်နှစ်ကထက် ၂၅ ဒသမ ၁ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်” ဟု Bob က ပြောသည်။

သို့သော် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် အဓိကပါဝင်ဆောင်ရွက်နေသည့် Huawei က မြန်မာနိုင်ငံတွင် ရရှိခဲ့သည့် အရောင်းဝင်ငွေနှင့် အမြတ်ငွေနှင့် ပတ်သက်ပြီး သီးခြား ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

“ကမ္ဘာတွင် တိုးတက်လာတဲ့ နည်းပညာတွေကို နယ်ပယ်အားလုံးက မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ သုံးစွဲသူတွေ တစ်ပြိုင်နက်သုံးစွဲနိုင်ဖို့ ပိုပြီးမြင့်မားတဲ့ ICT နည်းပညာတွေကို မြန်မာနိုင်ငံအတွက် ဆောင်ယူလာပေးပြီး စီးပွားရေးအောင်မြင်မှုတွေ  မြင့်တက်လာစေဖို့ ကူညီပေးမှာပါ”ဟု Bob က ပြောသည်။

“4G ကွန်ရက်ဖြန့်ကျက်မှုနဲ့အရည်အသွေးတိုးတက်လာပြီး စွမ်းရည်မြင့်မားပြီး ကုန်ကျစရိတ်သက်သာတဲ့ ခေတ်မီစက်ပစ္စည်းတွေနဲ့ မြန်ဆန်တဲ့ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံမှာရှိတဲ့ သုံးစွဲသူတိုင်း၊ အိမ်ထောင်စုတိုင်းဆီကို ဆောင်ယူလာနိုင်ဖို့ ဆက်သွယ်ရေး  အော်ပရေတာတွေနဲ့ Huawei က အမြဲအတူ ရပ်တည်နေပါတယ်။ Huawei အနေနဲ့    နည်းပညာနဲ့စီးပွားရေးကဏ္ဍတွေမှာ အော်ပရေတာတွေ၊ လှိုင်းနှုန်း စဉ်တွေနဲ့ မူဝါဒတွေအတွက် အစိုးရအဖွဲ့တွေနဲအတူ 5G ခေတ်ကိုကြိုဆိုဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေကို ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ စာရင်းအရ မြန်မာနိုင်ငံအတွင်း ၂၀၁၆ ခုနှစ်တွင် လူဦးရေ ၅၁ ဒသမ ၄၈၆ သန်း ရှိသည့်အချိန်က တယ်လီဖုန်း သိပ်သည်းဆမှာ ၈၆ ဒသမ ၂၀ ရာခိုင်နှုန်းခန့် ရှိခဲ့ပြီး ယခုအချိန် မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၄ ဒသမ ၀၇၄ သန်းအထိ ခန့်မှန်း တွက်ချက်ထားခြင်းကြောင့် တယ်လီဖုန်း သိပ်သည်းဆက ၉၉ ဒသမ ၅၇ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု ဆိုသည်။
‘အင်တာနက်သုံးစွဲသူအရေအတွက်မှာ ၂၀၁၆ ခုနှစ်က ၅၅ ဒသမ ၄၁ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုအချိန်တွင် ၈၂ ဒသမ ၅၆ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။ လူဦးရေအရ မိုဘိုင်းဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်သည့် အနေအထားမှာ မြန်မာနိုင်ငံလူဦးရေ၏ ၉၂ ရာခိုင်နှုန်း ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.