Hinrich Foundation က မဟာသိပ္ပံဘွဲ့အတွက် ပညာသင်ဆုများကို ဖိတ်ခေါ်နေ

Hinrich Foundation နှင့် Adidas အမှတ်တံဆိပ်ဖိနပ်များကို မြန်မာနိုင်ငံတွင် ထုတ်လုပ်နေသည့် Myanmar Pou Chen တို့ ပူးပေါင်းပေးအပ်မည့် ရာနှုန်းပြည့် ပညာသင်ဆုများအတွက် လျှောက်လွှာများ လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

ရွေးချယ်ခံရသူများသည် ဗီယက်နမ်နိုင်ငံရှိ ဗီယက်နမ်-ဂျာမန်တက္ကသိုလ် (Vietnamese German University (VGU)) တွင် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှု အင်ဂျင်နီယာနှင့် စီမံခန့်ခွဲမှုမဟာသိပ္ပံ (MSc in Global Production Engineering and Management) တက်ရောက်နိုင်မည်ဖြစ်ပြီး ပညာသင်ပြီးမြောက်မှုပေါ် မူတည်ပြီး ပူးတွဲထောက်ပံ့သည့် ကုမ္ပဏီနှင့် သုံးနှစ်လက်တွဲလုပ်ကိုင်ရမည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအပါအဝင် အခြားသော အာဆီယံနိုင်ငံအချိုု့တွင်လည်း ပေးအပ်မည့် ယခုပညာသင်ဆုအတွက် မြန်မာနိုင်ငံမှ အရည်အချင်း ပြည့်ဝသူ လူငယ်များအား အကန့်အသတ်မရှိ ခေါ်ယူသွားမည်ဖြစ်သည်။ ပညာသင်ဆုအတွက် ရွေးချယ်ခံရသူသည် ပညာသင်ဆု ပေးအပ်ချီးမြှင့်မှု မတိုင်မီ Myanmar Pou Chen တွင် အလုပ်သင်အဖြစ် သုံးလကြာ ဝင်ရောက်လုပ်ကိုင်ရမည်ဖြစ်သည်။

“ယခုအစီအစဉ်ဟာလည်း ဒီနေ့ အမြင့်ဆုံးသော ရည်မှန်းချက်များ ရှိနေသူများကို အနာဂတ်ရဲ့အလုပ်အကိုင် အခွင့်အလမ်းများနဲ့ ချိတ်ဆက်ပေးသွားမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်” ဟု Hinrich Foundation ၏ ပရိုဂရမ်ဒါရိုက်တာ Mr Alex Boome ပြောကြားသည်။

လျှောက်လွှာများကို ယခုလ ၃၀ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ကာ အသေးစိတ်ကို http://www.hinrichfoundation.com/trade-career-development/scholarship/ma… တွင် လေ့လာနိုင်မည်ဖြစ်သည်။

More stories

Related stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar