Frontier Myanmar ၏ Membership အစီအစဉ် စတင်

ရန်ကုန်

Frontier Myanmar (ဖရန်တီးယားမြန်မာ) သည် အနာဂတ်တွင် အရည်အသွေးမြင့် သတင်းများကို ဆက်လက်တင်ဆက်သွားနိုင်ရန် ၊သတင်းလွတ်လပ်မှု နှင့် ငွေကြေးအရရပ်တည်နိုင်မှုတို့ ခိုင်မာစေရန်အတွက် အဖွဲ့ဝင်စနစ်ဖြင့်လည်ပတ်သော Membership Programme ကို ယနေ့တွင် စတင်လိုက်ပြီ ဖြစ်သည်။
Frontier ၏ Membership Programme ကိုဝင်ထားပါက အဖွဲ့ဝင်များသည် သတင်းစာစောင် နှင့် သတင်းအကျဉ်းချုပ်မှသည် နောက်ကွယ်မှသတင်းများ နှင့် အခမ်းအနားများအထိ သီးသန့်သတင်းထုတ်ကုန်များကို စုံလင်စွာရရှိကာ မြန်မာနိုင်ငံတွင်ဖြစ်ပျက်နေသည်များကို ပိုမိုနားလည်နိုင်မည်ဖြစ်သည်။ အဖွဲ့ဝင်များသည် Frontier Magazine ပါ အကြောင်းအရာများကိုလည်း မဂ္ဂဇင်းမဖြန့်ခင် နှင့် အွန်လိုင်းပေါ်သို့မရောက်မီ ရရှိမည်ဖြစ်သည်။
ပရီမီယံအဖွဲ့ဝင်များသည် သတင်းစာစောင်နှစ်ခုကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်နှစ်စောင်စီ ရရှိပါမည်။ ယင်းတို့မှာ စာဖတ်သူများသိရန်လိုအပ်သမျှ မြန်မာနိုင်ငံကိုပုံဖော်နေသော အရေးပါဆုံး အဖြစ်အပျက်များအကြောင်း သတင်း နှင့် ဆန်းစစ်ချက်များပါဝင်သည့် Daily Briefing တစ်စောင်စီ နှင့် မြန်မာနိုင်ငံတွင် ရောင်းအားအကောင်းဆုံး စာစောင်များ၏ မျက်နှာဖုံးသတင်းခေါင်းစီးများ နှင့် ရွေးချယ်ဘာသာ ပြန်ထားသည့် သတင်းဆောင်းပါးများပါဝင်သော Medai Monitor တစ်စောင်စီတို့ ဖြစ်ပါသည်။
Frontier Myanmar စီအီးအို နှင့် ထုတ်ဝေသူဖြစ်သော ဦးဆန်နီဆွေက Membership စတင်ခြင်းသည် Frontier အတွက် နှင့် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကသတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှတ်တိုင်တစ်ခုစိုက်ထူလိုက်ခြင်း ဟုပြောသည်။
“ကြော်ငြာဘက်ကဝင်ငွေ ကျဆင်းနေတဲ့အချိန် အခြားနိုင်ငံတွေရဲ့ မီဒီယာအဖွဲ့အစည်းတွေကြားမှာ Membership Model က တွင်ကျယ်နေပေမဲ့ မြန်မာနိုင်ငံဈေးကွက်မှာက သေသေချာချာ မစမ်းသပ်ကြည့်ရသေးတဲ့ အနေအထားပါ။ ကျွန်တော်တို့စာဖတ်သူတွေနဲ့ ကျွန်တော်တို့ကို အားပေးကူညီသူတွေ အတူတူ လက်တွဲမယ်ဆိုရင် ကျွန်တော်တို့ တည်ဆောက်လိုက်တဲ့ ဒီစနစ်ဟာ ဈေးကွက်မှာအောင်မြင်ပြီး နောင်လာမယ့်နှစ်တွေမှာ Frontier အတွက် အားထားရတဲ့ ဝင်ငွေတစ်ခုဖြစ်လာမယ်လို့ ကျွန်တော်တို့ ယုံကြည်နေပါတယ်။” ဟုပြောသည်။
အခြားမီဒီယာအဖွဲ့အစည်းများက ၎င်းတို့ စာဖတ်ပရိသတ်အတွက် Membership စနစ်တစ်ခုတည်ဆောက်နိုင်ရန် Frontier ၏ အတွေ့အကြုံက အကူအညီဖြစ်စေမည်ဟု သူကမျှော်လင့်သည်။
ဦးဆန်နီဆွေက “ကျွန်တော်တို့က စာနယ်ဇင်းလွတ်လပ်မှုကို တန်ဖိုးထားသူတွေပါဝင်တဲ့ အသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်ချင်တာဖြစ်သလို တစ်ပြိုင်တည်းမှာပဲ ကျွန်တော်တို့ရဲ့ Memberတွေကို တခြားဘယ်မှာမှမရနိုင်တဲ့ သတင်းအချက်အလက် နဲ့ ဆန်းစစ်ချက်တွေပါဝင်တဲ့ ထုတ်ကုန်သစ်တွေ ဖြည့်ဆည်းပေးနေမှာပါ။” ဟု ဆက်ပြောသည်။
Membership အစီအစဉ် သည် Google News Initiative နှင့် ဒိန်းမတ်အခြေစိုက်အင်န်ဂျီအို International Media Support တို့၏ ကနဦးအကူအညီကို ရရှိပြီးနောက် အကောင်အထည်ဖော်ခဲ့သည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။
ပြီးခဲ့သည့်ဇွန်လတွင် သုတေသနအဖွဲ့ငယ်များက ခုနစ်လတာလုပ်ငန်းစဉ်ကိုစတင်ပြီး စစ်တမ်းကောက်ခံခြင်းများ၊ စမ်းသပ်မှုများ နှင့် Daily Briefing နှင့် Media Monitor တို့ကိုအစမ်းဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ပါသည်။
လာမည့်လများတွင် စာဖတ်သူများအနေဖြင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံကိုရရှိစေရန် ဝက်(ဘ်)ဆိုက်သစ် တစ်ခုနှင့် ဝက်(ဘ်)အက်ပလီကေးရှင်းတစ်ခုကို စတင်မည်ဖြစ်ပါသည်။
Membership အစီအစဉ် နှင့် ရွေးချယ်စရာများအကြောင်း အသေးစိတ်အချက်အလက်များကို ဤလင့်(ခ်)တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://www.frontiermyanmar.net/files/uploads/frontier_memberships_sales_kit…

Frontier Myanmar အကြောင်း

Frontier Myanmar သည် အပြောင်းအလဲကာလကိုဖြတ်သန်းနေသာ မြန်မာနိုင်ငံတွင် ဘက်မလိုက်သော သတင်းမီဒီယာတစ်ခု ဖြစ်ပါသည်။ လတ်တလောဖြစ်ပွားနေသည်များနှင့် စီးပွားရေးဆိုင်ရာ အကြောင်းအရာများ အပေါ် ဆောင်းပါးရှည်များ ၊ အတွေးအမြင်များနှင့် အသေးစိတ် ဝေဖန်ဆန်းစစ်ချက်များကို ဖျော်ဖြေခြင်း ၊ သတင်းအချက်အလက်ပေးခြင်းနည်းများဖြင့် တင်ဆက်ထားသည့် အင်္ဂလိပ်ဘာသာမဂ္ဂဇင်းကို နှစ်ပတ်တစ်ကြိမ် ထုတ်ဝေပါသည်။

ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ရာတွင် အရည်အသွေးမြင့် စာနယ်ဇင်းကိုရရှိရန် အရေးကြီးသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပြီး ကျွန်ုပ်တို့ရေးသားထုတ်ဝေသည်များ အားလုံးကို အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာလုံးဖြင့် အွန်လိုင်းတွင် အခမဲ့ဖတ်ရှုနိုင်စေရန် ပြုလုပ်ထားပါသည်။ ပြီးခဲ့သည့်လေးနှစ်တာကာလတစ်လျှောက် Frontier သည် အခက်အခဲများတိုးပွားလျက်ရှိသော ပတ်ဝန်းကျင်အနေအထားတွင် အရည်အသွေးပြည့်ဝသော စာနယ်ဇင်းတစ်ခု အဖြစ် ဂုဏ်သိက္ခာကိုတည်ဆောက်ခဲ့ပြီး ပြီးခဲ့သည့်သုံးနှစ်တာအတွင်း ကျွန်ုပ်တို့၏သတင်းတင်ဆက်မှုကို အာရှတိုက်တွင် ဂုဏ်သိက္ခာအကြီးမားဆုံး စာနယ်ဇင်းဆုချီးမြှင့်ရေးအဖွဲ့အစည်းဖြစ်သည့် Society of Publishers in Asia က အသိအမှတ်ပြုခဲ့ပါသည်။

Black Knight Media Group အကြောင်း

ရန်ကုန်အခြေစိုက် Black Knight Media Group သည် မြန်မာနိုင်ငံရှိ ပြည်တွင်းနှင့် နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များအတွက် Branded Content Marketing များပြုလုပ်ပေးနေသော Mutilmedia ကုမ္ပဏီ တစ်ခုဖြစ်သလို Black Knight Media သည် Frontier Myanmar ကိုထုတ်ဝေသည့်ကုမ္ပဏီလည်း ဖြစ်ပါသည်။

ထပ်မံသိရှိလိုပါက ဆက်သွယ်စုံစမ်းရန်

အယ်ဒီတာအဖွဲ့
Thomas Kean (English): tdkean@frontiermyanmar.net
Nanda (Myanmar): nanda@frontiermyanmar.net

Membership အရောင်း
Su Phyu Hnin: suphyu@frontiermyanmar.net, +959 505 6146

More stories

Related stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar