Free Style ခြင်းလုံးပြိုင်ပွဲတွင် အသင်း ၆ သင်း ဗိုလ်လုမည်

မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပသည့် Free Style ခြင်းလုံးပြိုင်ပွဲတွင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နှင့် တောင်ကြီးမြို့များမှ အနိုင်ရရှိခဲ့သော အသင်း ၆ သင်းက ဗိုလ်လုပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု စီစဉ် ကျင်းပသည့် HEINEKEN Myanmar က ပြောကြားသည်။

မြန်မာ့ခြင်းလုံး ကစားနည်းကို တဖန်ပြန်လည် ဆန်းသစ်လာစေရန် Tiger Beer က ခေတ်နှင့် တစ်ပြေးညီဖြစ်သော တင်ဆက်ပုံများဖြင့် ပြန်လည်တင်ဆက်ခြင်းဖြစ်ကာ အဖွဲ့ဝင် ၆ ဦးမှ ၈ ဦးအထိ ပါဝင်နိုင်သော ပြိုင်ပွဲများကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ အသင်းများ၏ ယှဉ်ပြိုင်ချိန် ၁၅ မိနစ်အတွင်း ခြင်းလုံး ကစားကွက်များကို ထုတ်ဖော်ပြသပြီး ပါဝင်ယှဉ်ပြိုင်ရခြင်းဖြစ်ကာ ဒိုင်လူကြီးများက အမှတ်ပေးစည်းမျဉ်းများဖြင့် အကဲဖြတ်သုံးသပ်ပြီး အမှတ်အများဆုံး ရရှိသည့် အသင်းက အနိုင်ရရှိခြင်း ဖြစ်သည်။

“Tiger Streets Free Style ခြင်းလုံးပြိုင်ပွဲဟာ မြန်မာနိုင်ငံအနှံ့အပြားက လမ်းတွေမှာ စိတ်လှုပ်ရှားဖွယ် မြင်တွေ့နေရတဲ့ ခြင်းလုံးခတ်အတတ်ပညာကို မြေတောင်မြှောက်ပေးချင်တဲ့ ကျွန်မတို့ကမ်ပိန်းရဲ့ အစိတ်အပိုင်း တစ်ပိုင်း ဖြစ်ပါတယ်” ဟု HEINEKEN Myanmar ၏ အရောင်းမြှင့်တင်ရေးဒါရိုက်တာ Leen De Schutter က ပြောသည်။

“မြန်မာနိုင်ငံရဲ့ လမ်းမပေါ်က အနုပညာတွေ ပိုမိုမြင့်မားလာနိုင်စေဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ဟာ ကျွန်မတို့ရဲ့ ရည်မှန်းချက်ပါ” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ အကြိုက်နှစ်သက်ဆုံးသော ရိုးရာကစားနည်းတစ်ခုဖြစ်သည့် ခြင်းလုံးကစားနည်းအား အများပြည်သူတို့ ပြန်လည် သတိထားမိလာကြစေရန် ဆောင်ရွက်ကြရာတွင် ပုဂ္ဂလိကကဏ္ဍမှ အဖွဲ့အစည်းများကို မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချူပ်က လက်ခံကြိုဆိုခဲ့သည်ဟု HEINEKEN Myanmar က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြိုင်ပွဲတစ်လျှောက်တွင် ပါဝင်ယှဉ်ပြိုင်သူများ လက်ခံခြင်းနှင့် စိစစ်ရွေးချယ်ခြင်း၊ အကဲဖြတ် အမှတ်ပေးခြင်းများတွင် အဖွဲ့ချုပ်က ပါဝင်ကူညီပေးခဲ့သည်ဟု ဆိုသည်။

မြန်မာ့ခြင်းလုံး အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးစိုးနိုင်က “Tiger Beer ကနေ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်နဲ့ ရန်ကုန်မှာ ရှိနေတဲ့ ပင်ကိုယ်အရည်အသွေးရှိတဲ့ ကစားသမားတွေကို ရှာဖွေဖော်ထုတ်တဲ့အပြင် ကစားကွက်၊ ကစားနည်းများကိုပါ အများပြည်သူများကို ပြသပေးခြင်းနဲ့ ခြင်းလုံးအားကစားကို မြှင့်တင်ပေးနေတဲ့ Tiger ရဲ့ ကြိုးစားအားထုတ်မှုတွေကိုလဲ ဝမ်းသာအားရဖြစ်မိပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းဟာ မြန်မာနိုင်ငံ ခြင်းလုံး ယဉ်ကျေးမှုကို အပြုသဘောဆောင်တဲ့ အထောက်အပံ့ကောင်းတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ပြိုင်ပွဲ၏ ဗိုလ်လုပွဲကို ဝင်ကြေးအခမဲ့ဖြင့် အများပြည်သူ ကြည့်ရှုနိုင်သောနေရာတွင် မကြာမီကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar