Episode106: မိသားစုစားဝတ်နေရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ကချင်စစ်ဘေးရှောင် အမျိုးသမီးများ

နိုင်ငံတကာက အကူအညီတွေ လျော့နည်းလာတာနဲ့အမျှ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်တွေက သူတိုရဲ့စားဝတ်နေရေးအတွက် ရရာနေရာမှာ အလုပ်အကိုင်ရဖို့အတွက် ရှာဖွေနေရပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ မြစ်ကြီးနားသတင်းဂျာနယ်နဲ့ ဒို့အသံတို့ဟာ သူတို့ရဲ့မိသားစုဝင်တွေနဲ့ ကလေးတွေရဲ့အနာဂတ်အတွက် မျှော်လင့်ချက်ပေးနိုင်ဖို့ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ၊ လူမျိုးရေး ခွဲခြားဆက်ဆံခြင်းတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်အမျိုးသမီးနှစ်ဦးနဲ့ စကားပြောခဲ့ပါတယ်။