နေရပ်ဒေသကို ပြန်နိုင်ဖို့အတွက် ငြိမ်းချမ်းရေးကိုစောင့်မျှော်နေတဲ့ ကချင်ပြည်သူထောင်ပေါင်းများစွာဟာ တိုက်ပွဲရှောင်စခန်းတွေကိုရောက်နေတာ ဆယ်နှစ်နီးပါးရှိနေပါပြီ။ လက်ရှိအချိန်မှာတော့ တပ်မတော်က ကချင်လက်နက်ကိုင်အဖွဲ့နဲ့ အပစ်ရပ်ကြေညာထားပြီး တိုက်ပွဲရှောင်တွေကို နေရပ်ပြန်ပို့နေပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ မြစ်ကြီးနားသတင်းဂျာနယ်နဲ့ ဒို့အသံတို့ဟာ တိုက်ပွဲရှောင်စခန်းမှာ နှစ်ပေါင်းများစွာနေလာခဲ့ပြီးနောက် သူတို့ဘဝတွေကို ပြန်လည်တည်ဆောက်ဖို့ ရုန်းကန်နေရတဲ့ မိသားစုဝင်တွေ၊ နေရပ်ပြန်ဖို့ အခွင့်အရေးတွေကို စောင့်မျှော်နေဆဲဖြစ်တဲ့ မိသားစုဝင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။
တရုတ်ထောက်ခံမှုကြောင့် အသက်ရှူချောင်ခဲ့သည့်တိုင် နက်ရှိုင်းသည့် ပြည်တွင်းစစ်ကြောင့် စစ်ခေါင်းဆောင်သည် နိုင်ငံရေးအရ လမ်းဆုံးသို့ ရောက်လုနီးပြီဖြစ်သည်။
Frontier ရေးသားသည်။