Episode 95: တိုက်ပွဲရှောင်စခန်းမှာ နှစ်ချီနေခဲ့ပြီးနောက် ဘဝသစ်ပြန်ဆောက်ဖို့ ကြိုးစားနေသူများ

နေရပ်ဒေသကို ပြန်နိုင်ဖို့အတွက် ငြိမ်းချမ်းရေးကိုစောင့်မျှော်နေတဲ့ ကချင်ပြည်သူထောင်ပေါင်းများစွာဟာ တိုက်ပွဲရှောင်စခန်းတွေကိုရောက်နေတာ ဆယ်နှစ်နီးပါးရှိနေပါပြီ။ လက်ရှိအချိန်မှာတော့ တပ်မတော်က ကချင်လက်နက်ကိုင်အဖွဲ့နဲ့ အပစ်ရပ်ကြေညာထားပြီး တိုက်ပွဲရှောင်တွေကို နေရပ်ပြန်ပို့နေပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ မြစ်ကြီးနားသတင်းဂျာနယ်နဲ့ ဒို့အသံတို့ဟာ တိုက်ပွဲရှောင်စခန်းမှာ နှစ်ပေါင်းများစွာနေလာခဲ့ပြီးနောက် သူတို့ဘဝတွေကို ပြန်လည်တည်ဆောက်ဖို့ ရုန်းကန်နေရတဲ့ မိသားစုဝင်တွေ၊ နေရပ်ပြန်ဖို့ အခွင့်အရေးတွေကို စောင့်မျှော်နေဆဲဖြစ်တဲ့ မိသားစုဝင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။