သြဂုတ်လ ၉ ရက်က မွန်ပြည်နယ်မှာ မြေပြိုကျမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေဟာ တစ်လကျော် ကြာမြင့်သွားသည့်တိုင်အောင် သူတို့ဘဝတွေပြန်လည်ထူထောင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ အဲဒီသဘာဝဘေးကြောင့် လူ ၇၄ ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာရဲ့ အိမ်ရာတွေနဲ့ လယ်ကွင်းတွေ ဆုံးရှုံးခဲ့ရပါတယ်။ အစိုးရက ပျက်စီးဆုံးရှုံးမှုတွေအတွက် မြေယာသစ်တွေ ပြန်ပေးမယ်လို့ ကတိပေးထားပေမဲ့ ပြန်လည်ချထားပေမယ့်နေရာတွေက ဝေးနေသလို ပြန်လည်ချထားရေးလုပ်ငန်းစဉ်တွေကလည်း နှေးကွေးနေပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ Mon News Agency နဲ့ ဒို့အသံတို့ဟာ အရာအားလုံး ဆုံးရှုံးခဲ့ရပြီးတဲ့နောက် ရှေ့ဆက်ရမယ့်ဘဝအတွက် ရုန်းကန်နေရတဲ့ ရွာသားတွေရှိရာ ပေါင်မြိ့နယ် သဲဖြူကုန်းကျေးရွာကို ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံနယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဟာ ရေကြီးမြေပြိုမှုဆိုတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ တိုးမြင့်ကြုံလာရချိန်မှာပဲ နိုင်ငံတကာအကူအညီတွေ ဖြတ်တောက်ခံလိုက်ရလို့ ဒုက္ခသည်တွေရဲ့ ဘဝအခြေအနေတွေ ပိုမိုဆိုးဝါးလာနေပါတယ်။
Frontier ရေးသားသည်။