Episode 85: ချင်းတောင်တန်းက စွန့်ပစ်အမှိုက်နဲ့ ဒေသခံတို့ရဲ့ကျန်းမာရေး

ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ Chin World Media နဲ့ ဒို့အသံတို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးရှိ ချင်းတောင်တန်းအစွန်မှာရှိတဲ့ ကလေးမြို့နယ်မှာ စွန့်ပစ်အမှိုက်တွေကြောင့် သူတိုရဲ့ကျန်းမာရေးတွေ ထိခိုက်မှုတွေရှိနေတယ်လို့ ပြောဆိုနေကြတဲ့ ဒေသခံတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ မြို့နယ်တွင်းနေထိုင်သူတွေ သူတို့အမှိုက်တွေကို စွန့်ပစ်ဖို့အတွက် နေရာတစ်ခု သတ်မှတ်ပေးဖို့လည်း အဲဒီဒေသအတွင်းမှာရှိတဲ့ ကျေးရွာနှစ်ရွာမှ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။