Episode 77: အိပ်မက်ဆိုးကြီးထဲက မိဘတွေ

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံအလယ်ပိုင်း မြို့တစ်မြို့မှာ ပျောက်ဆုံးသွားခဲ့တဲ့ ကလေးငယ်နှစ်ယောက်ရဲ့မိဘတွေကို ဒို့အသံနဲ့ မိတ်ဖက်မီဒီယာဖြစ်တဲ့ မုံရွာဂေဇက်တို့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ကလေးငယ်တွေ ပျောက်ဆုံးနေတာ ၆ လကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။ ပျောက်ဆုံးနေတဲ့ကလေးငယ်တစ်ဦးရဲ့ မိခင်ဖြစ်သူဒေါ်ရီရီမြင့်က သူ အပြင်ကိုထွက်တိုင်းမှာ သားလေးကို ရှာနေမိတယ်လို့ ပြောပါတယ်။ ပျောက်ဆုံးနေတဲ့ ကလေးငယ်တွေကို ကူညီရှာဖွေပေးဖို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံစဉ်က အကူအညီတောင်းထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။

ဒီဆောင်းပါးကို အပိုင်း ၂ ပိုင်းခွဲ တင်ဆက်ထားတာဖြစ်လို့ နားဆင်နိုင်ပါတယ်။

အပိုင်း (၁)