Episode 46: လူကုန်ကူးမှု ပြဿနာ

သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကျယ်ကျယ်ပြန့်ပြန့်နဲ့ အားစိုက်ထုတ်ပြီး လုပ်ကိုင်နေပေမယ့် မြန်မာနိုင်ငံမှာတော့ လူကုန်ကူးမှုဟာ အဓိက ပြသနာတစ်ခုအဖြစ်ရှိနေဆဲပါ။ ဒီပြဿနာဟာ အရမ်းကို ဆိုးဝါးပါတယ်လို့ အမေရိကန်ပြည်ထောင်စုက ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်တဲ့ (Trafficking in person)(TIP) အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

အဲဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံကို လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အဆိုးဝါးဆုံး အဆင့်(၃)အဖြစ် သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံသားတွေ ပြည်ပနိုင်ငံတွေမှာ အလုပ်သွားလုပ်ဖို့သွားတာဟာ သာမာန်ကိစ္စတစ်ဖြစ်ပေမယ့် မှန်ကန်တဲ့ စာရွက်စာတမ်းတွေမရှိဘဲသွားခြင်းဟာ မရိုးသားတဲ့ ပွဲစားတွေရဲ့လက်ထဲမှာ ခေါင်းပုံဖြတ်ခံရမယ့် အန္တရာယ်ရှိနေပါတယ်။

ဒီတစ်ပတ်မှာတော့ ဒို့အသံက အလွန်ဆိုးဝါးတဲ့ အခက်ခဲတွေကိုရင်ဆိုင်ခဲ့ရတဲ့ ပြည်ပနိုင်ငံကို လူကုန်ကူးခံရသူတစ်ချို့နဲ့ တွ့ဆုံမေးမြန်းထားပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်လာပေမယ့်လည်း အလုပ်အကိုင်အခွင့်လမ်း မရှိတာကြောင့် နိုင်ငံခြားကို နောက်တစ်ခေါက်ပြန်သွားပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်ထားတဲ့အကြောင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။ ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။