Episode 45: စိတ်ကျန်းမာရေးဆိုတာလဲ တခြားရောဂါတွေလိုပါပဲ

စိတ်ကျန်းမာရေးဟာ လူတွေရဲ့ အသက်အန္တရာယ်အပေါ်ကိုပါ ထိခိုက်လာနိုင်တယ်ဆိုတဲ့ အကြောင်း ကမ္ဘာတစ်ဝှမ်းမှာ ပြောဆိုဆွေးနွေးမှုတွေ မြင့်တက်နေပါတယ်။

မြန်မာနိုင်ငံက လူအများစုအတွက်ကတော့ စိတ်ကျန်းမာရေးဆိုတဲ့ခေါင်းစဉ်ဟာ လက်ခံဖို့ ခက်ခဲနေတဲ့ အရာတစ်ခု အဖြစ် ရှိနေဆဲပါ။ ဒါပေမယ့်လည်း နိုင်ငံအတွင်းက စိတ်ကျန်းမာရေး ပြဿနာ ခံစားနေရသူတွေအတွက် ရွေးချယ်မှုတွေများစွာ ရှိလာခဲ့ပါတယ်။

ဒီတစ်ပတ်မှာတော့ စိတ်ကျန်းမာရေးပြဿနာဟာ နေ့စဉ်ဖြစ်ပွားနေတဲ့ ရောဂါတွေထဲက တစ်ခုလို့ ယုံကြည်သူတွေကို ဒို့အသံက တွေ့ဆုံမေးမြန်းထားပါတယ်။

ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။