Episode124: ကိုဗစ်-၁၉ နှင့် စိတ်ဖိစီးမှုပြဿနာ

ကိုရိုနာဗိုင်းရပ်စ်ရဲ့ခြိမ်းခြောက်မှုအောက်မှာ နေထိုင်နေရတဲ့ လူနေမှုပုံစံဟာ မြန်မာလူမျိုးတွေအပေါ်မှာ စတင်သက်ရောက်လာပါပြီ။ အလုပ်အကိုင်ဆုံးရှုံးရတာတွေ၊ သူတို့ကိုယ်တိုင်အပါအဝင်မိသားစု ကျန်းမာရေးနဲ့ပတ်သက်ပြီး ဖိအားတွေက လူအများအပြားကို စိုးရိမ်စိတ်တွေတိုးပွားလာစေပါတယ်။ ဒီတစ်ပတ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိတ်ကျန်းမာရေးထိခိုက်မှုတွေဘယ်လောက်ရှိလဲ၊ အဲဒါတွေကို ပြည်သူတွေက ဘယ်လိုကိုင်တွယ်ဖြေရှင်းနေကြသလဲ၊ ဘယ်လိုဝန်ဆောင်မှုတွေကို သူတို့ရယူနိုင်မလဲဆိုတာကို ဒို့အသံက ရှာဖွေတင်ဆက်ထားပါတယ်။