Episode 40: ကချင်ပြည်နယ်က မြေယာတိုက်ပွဲ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ ကျေးရွာသုံးရွာက လယ်သမားတွေ မှီခိုနေတဲ့ စားကျက်မြေကို တရုတ်သူဌေးတစ်ဦးကိုရောင်းချတော့မှာ ဖြစ်တဲ့အတွက် စိုးရိမ်ပူပန်နေရတယ်လို့ ရွာသားတွေက ပြောကြားပါတယ်။

စားကျက်မြေကို ကျေးရွာနေရွာသားတစ်ဦးက ဝက်မွေးမြူရေးခြံလုပ်ဖို့အတွက် ရောင်းချဖို့ ကြံရွယ်နေပြီး အဲဒီလို လုပ်ကိုင်မယ်ဆိုရင် ဒေသခံတွေအတွက် ထိခိုက်နစ်နာမှုတွေ ရှိနိုင်တယ်လို့ ရွာသားတွေကဆိုပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုင်ကြားထားပေမယ့် အကူညီအနည်းငယ်သာ ရရှိသေးတယ်လို့သိရပါတယ်။

ဒီဆောင်းပါး အပြည့်အစုံကို မြန်မာဘာသာအပြင် ကချင်ဘာသာနဲ့ပါ နားဆင်နိုင်ပါပြီ။