Episode 39: ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေ

ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံက သတင်းတွေဟာ ခေါင်းကြီးပိုင်းတွေမှာ နေရာယူခဲ့ပါတယ်။

အစိုးရက ဘင်္ဂလားဒေ့ရှင်နိုင်ငံကို ထွက်ပြေးသွားခဲ့သူ ခုနှစ်သိန်းနီးပါးကို ပြန်လည်လက်ခံဖို့ အဆင့်သင့်ဖြစ်ပြီးလို့ပြောနေချိန်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေကတော့ သူတို့ပြန်လာဖို့အတွက် ပြုလုပ်ထားတာတွေက အထောက်အကူမဖြစ်သေးဘူးလို့ ဝေဖန်နေကြဆဲပါ။

ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဒို့အသံက သွားရောက်ခဲ့ပြီး ဒေသခံအဖွဲ့အစည်းတွေဖြစ်တဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သူ၊ ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေနဲ့ တာဝန်ရှိသူတွေကို တွေ့ဆုံပြီး ထွက်ပြေးသွားသူတွေ ပြန်လာရေးနဲ့ပတ်သက်လို့ ဘယ်လိုခံစားချက် တွေရှိသလဲဆိုတာကို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ဒီဆောင်းပါးအပြည့် အစုံကို နားဆင်နိုင်ပါပြီ။