ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ သတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းခံရမှု အရေအတွက်ကိုကြည့်မယ်ဆိုရင် လွတ်လပ်စွာပြောရေးဆိုခွင့်အခြေအနေက မကောင်းမွန်လှပါဘူး။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က သတင်းထောက်တစ်ယောက်ကတော့ သူရေးခဲ့တဲ့သတင်းတစ်ပုဒ်နဲ့ပတ်သက်ပြီး ရိုက်နှက်ချုပ်နှောင်ခံရတဲ့အတွက် တရားမျှတမှုရရှိဖို့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းတွေကိုတရားစွဲထားပြီး အမှုရင်ဆိုင်နေပါတယ်။ ဒီအကြောင်းကို ဒို့အသံက အခုတစ်ပတ် တင်ဆက်သွားမှာဖြစ်ပါတယ်။
ဒို့အသံအစီအစဉ်ဟာမြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ လူ့အခွင့်အရေးနဲ့ပတ်သတ်တဲ့ဆောင်းပါးတွေကို တင်ဆက် ပေးနေတဲ့ အပတ်စဉ်ပေါ့ဒ်ကတ်အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဖရွန်းတီးယားမြန်မာနဲ့ နိုင်ငံတဝှမ်းက မိတ်ဖက်မီဒီယာတွေက တင်ဆက်ထားတာဖြစ်ပါတယ်။ ဒို့အသံအစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးနဲ့ ဆွစ်ဇာလန်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (SDC)က ပံ့ပိုးကူညီထားပြီး ဖရွန်းတီးယားမြန်မာနဲ့ ဖွန်ဒေးရှင်းဟီရွန်ဒဲလ်တို့က ပူးပေါင်းတင်ဆက်တာ ဖြစ်ပါတယ်။