Episode 112 : သောက်သုံးရေအခက်အခဲ ကြုံနေရတဲ့ကံကုန်းရွာသားများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကံကုန်းကျေးရွာမှာရှိတဲ့ မြေအောက်ရေတွေကြောင့် အဝတ်အစားတွေ လျှော်ဖွတ်တဲ့အခါမှာ အရောင်ပြောင်းသွားတာတွေရှိသလို ရေနဲ့ထိတွေ့တဲ့အခါမှာလည်း အရေပြားတွေ ယားယံလာ (ပက်ကြားအက်) မှုတွေရှိတာကို ကြုံတွေ့လာခဲ့တာ ဆယ်နှစ်ကြာအောင်ရှိနေပါပြီ။ ရွာသားတွေကတော့ ဒီလိုဖြစ်တာဟာ ကြေးနီစက်ရုံနဲ့ အက်ဆစ်စက်ရုံတွေကြောင့် ဖြစ်တယ်လို့ အပြစ်တင်ကြပါတယ်။ သူတို့က ရေအရင်းမြစ်ကောင်းတွေ ရရှိဖို့လည်း ရှာဖွေနေကြပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ မုံရွာဂေဇက်နဲ့ ဒို့အသံတို့ဟာ သူတို့ကျေးရွာမှာ ရေရရှိဖို့အတွက် တိုက်ပွဲဝင်နေကြတဲ့ ရွာသားတွေနဲ့ စကားပြောခဲ့ပါတယ်။ ဒီဆောင်းပါးအပြည့်အစုံကိုနားဆင်နိုင်ပါပြီ။