ကချင်ပြည်နယ်မှာ ကျောက်စိမ်းလုပ်ငန်းကို အမျိုးသားတွေကသာ အကြီးအကျယ် ကြီးစိုးထားပါတယ်။ ဒါပေမဲ့ အမျိုးသားလုပ်အားအများစုက မူးယစ်ဆေးဝါးကြောင့် ကျဆင်းလာတာနဲ့အမျှ အန္တရာယ်ရှိတဲ့အလုပ်တွေကို အမျိုးသမီးများ လုပ်ကိုင်မှုတွေက ပိုမိုများလာပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ Frontier Myanmar မဂ္ဂဇင်းနဲ့ ဒို့အသံတို့ဟာ ကျောက်စိမ်းတွင်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေနဲ့ သွားရောက်စကားပြောခဲ့ပါတယ်။ ဒီဆောင်းပါးအပြည့်အစုံကိုနားဆင်နိုင်ပါပြီ။
စစ်ကောင်စီ၏ မဟာမိတ် ပြည်သူ့စစ်ခေါင်းဆောင် စခုန်တိန့်ယိန်းနှင့်အဖွဲ့သည် ဒေသသယံဇာတဖြစ်သော မြေရှားသတ္တု တူးဖော်ရောင်းချပြီး ကြွယ်ဝချမ်းသာလာခဲ့ကြသည်။ ၂၀၂၄ ခုနှစ် ကချင်လွတ်မြောက်ရေးတပ်မတော် ၏ ယင်းဒေသကို သိမ်းပိုက်မှုက ၎င်းအဖွဲ့၏ လုပ်ငန်းများကို ဟန့်တားနိုင်စွမ်း ရှိခဲ့ပါသလား။
Frontier ရေးသားသည်။