၂၀၁၅ ခုနှစ်တုန်းက ရာနဲ့ချီတဲ့ မြန်မာငါးဖမ်းသမားတွေကို ကျွန်ပြုခိုင်းစေခံနေရတာကနေ ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လေးနှစ်ကျော်ကြာတဲ့အချိန်အထိ သူတို့ကိုပေးထားတဲ့ကတိအတိုင်း လုပ်အားခ ပြန်တောင်းပေးမယ်ဆိုပေမဲ့ ခုထိတော့မရသေးပါဘူး။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ Dawei Watch နဲ့ ဒို့အသံတို့ဟာ လွတ်မြောက်လာတဲ့ လူကုန်ကူးခံရတဲ့ ရေလုပ်သားတွေရဲ့ လတ်တလောရုန်းကန်နေရမှုတွေကို ရှာဖွေတင်ဆက်ထားပါတယ်။ ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။
ပြည်တွင်းပဋိပက္ခများ၊ အလုပ်အကိုင်ရှားပါးမှုများကြောင့် မလေးရှားသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် သန်းနှင့်ချီသော မြန်မာရွေ့ပြောင်းအလုပ်သမားများအနက် အချို့မှာ အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်မှု၊ လူမိုက်ဂိုဏ်းများ၏ အနိုင်ကျင့်မှုများနှင့်အတူ အာဏာပိုင်များ၏ ဖမ်းဆီး အရေးယူဒဏ်ရိုက်မှုများကိုလည်း ရင်ဆိုင်နေကြရသည်။
Frontier ရေးသားသည်။