Episode 109: လေးနှစ်ကျော်ကြာ လုပ်အားခစောင့်မျှော်နေရတဲ့ ရေလုပ်သားများ

၂၀၁၅ ခုနှစ်တုန်းက ရာနဲ့ချီတဲ့ မြန်မာငါးဖမ်းသမားတွေကို ကျွန်ပြုခိုင်းစေခံနေရတာကနေ ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လေးနှစ်ကျော်ကြာတဲ့အချိန်အထိ သူတို့ကိုပေးထားတဲ့ကတိအတိုင်း လုပ်အားခ ပြန်တောင်းပေးမယ်ဆိုပေမဲ့ ခုထိတော့မရသေးပါဘူး။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ Dawei Watch နဲ့ ဒို့အသံတို့ဟာ လွတ်မြောက်လာတဲ့ လူကုန်ကူးခံရတဲ့ ရေလုပ်သားတွေရဲ့ လတ်တလောရုန်းကန်နေရမှုတွေကို ရှာဖွေတင်ဆက်ထားပါတယ်။ ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။