Communicast Myanmar နှင့် International Myanmar ICT Exhibition တို့ ကျင်းပမည်

နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ပါဝင်ပြသကြမည့် Communicast 2016 Myanmar နှင့် International Myanmar ICT Exhibition 2016 တို့ကို ရန်ကုန်မြို့တွင် ဒီဇင်ဘာလအတွင်း ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါပွဲကို စီစဉ်ကျင်းပမည့် Bangkok Exhibition ၏ အထွေထွေမန်နေဂျာ ဖရယ်ဆာဟောကီးစ်က ထိုပြပွဲသည် မြန်မာနိုင်ငံ၏ အရေးကြီးသော ကျန်းမာရေး၊ ပညာရေး ကဏ္ဍများအပါအဝင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာနေသော နိုင်ငံလုံးဆိုင်ရာ အချက်အလက် လိုအပ်မှုများကို ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ကြောင်း ပြောကြားသည်။

ထိုပြပွဲသို့ နည်းပညာကဏ္ဍမှသာ မဟုတ်ပဲ ကဏ္ဍပေါင်းစုံမှ စိတ်ဝင်စားသူများပါ နည်းပညာများကို လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း ၎င်းက ပြောသည်။

“ကဏ္ဍအားလုံးမှာ နည်းပညာကို အသုံးပြုတဲ့အတွက် ဒီကိုလာရောက်ခြင်းအားဖြင့် နည်းပညာ အသစ်များကိုကြည့်ရှုကာ ဒီပြပွဲကနေ သင့်ကို ဘာတွေကူညီနိုင်တယ်ဆိုတာကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ပြပွဲကို ရန်ကုန်မြို့၊ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်တွင် ဒီဇင်ဘာ ၆ ရက်မှ ၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကာ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ကုမ္ပဏီ ၇၀ တို့က ၎င်းတို့၏ နည်းပညာများကို ပါဝင် ပြသသွားမည်ဖြစ်သည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar