ရှမ်းပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေး ကုန်သွယ်ရေး အတွက်အဓိကကျတဲ့ တံတားတစ်စင်းဖြစ်တဲ့ သီပေါတံတားကို စစ်တပ်ဘက်က ပိတ်ထားတာ အခုဆို ၁ နှစ်နီးပါး ရှိလာပါပြီ။
တံတားပိတ်ထားတာကြောင့် ခရီးသွားတွေဟာ တံတားအောက်နေ လှေတွေ ဖောင်တွေနဲ့ ဒုဋ္ဌဝတီမြစ်ကို ဖြတ်ပြီး နေ့စဉ်သွားလာနေရပါတယ်။ မိုးတွင်းကာလ မြစ်ဖြတ်ကူး ခရီးသွားရင်း အသက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
ဒီတံတားကို ပိတ်ထားတာကြောင့် ဒေသခံတွေရဲ့ နေ့စဉ်ခရီးသွားလာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေးတွေကို ထိခိုက်လာနေပါတယ်။ ဒီတစ်ပတ်မှာတော့ သီပေါတံတားပိတ်ထားတာကြောင့် ကြုံတွေ့နေရတဲ့ ရှမ်းမြောက်ဒေသခံပြည်သူတွေရဲ့ အခက်အခဲတွေကို တင်ဆက်ပေးသွားပါမယ်။ ဒီဆောင်းပါးကိုတော့ ဒို့အသံနဲ့ မိတ်ဖက်မီဒီယာဖြစ်တဲ့ ရွှေဖီမြေတို့ ပူးပေါင်းတင်ဆက်ပေးထားပါတယ်။