ထိုင်းနိုင်ငံရှိ ကရင်နီဒုက္ခသည်တွေအတွက် လိုအပ်ချက်တွေ ပိုများလာပေမဲ့ တဖက်မှာတော့အကူအညီ အထောက်အပံ့တွေက အရင်က ထက်နည်းပါးလာပါတယ်။ ဒီလို အခြေအနေကြားမှာ ခက်ခက်ခဲခဲ ရုန်းကန်နေသူတွေနဲ့ ရှင်သန်ဖို့ အတွက် လက်လျှော့လိုက်သူ တစ်ဦးရဲ့ ဘဝအကြောင်းကို တင်ဆက်ပေးမှာပါ။
ဒို့အသံဟာ မြန်မာနိုင်ငံတဝန်းက လူ့အခွင့်အရေးအခြေအနေတွေကို တင်ဆက်ပေးနေတဲ့ အပတ်စဉ် ပေါ့ဒ်ကတ်အစီအစဉ် ဖြစ်ပါတယ်။ ဒို့အသံအစီအစဉ်ကို အလှူရှင်အဖွဲ့အစည်းတွေက ပံ့ပိုးပေးမှုနဲ့အတူ ဖရွန်တီးယားမြန်မာနဲ့ မြန်မာနိုင်ငံတစ်ဝန်းက မိတ်ဖက်မီဒီယာတွေ ပူးပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်။