ပက်ထရစ် ခွန်ဂျာလီကို ထောင်ခြောက်လ ချမှတ်

ရန်ကုန်၊ ဇန်နဝါရီ ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂုဏ်သရေ ညိုးနွမ်းစေရန် လူမှုကွန်ယက် ဖေ့ဘုတ်ခ်ပေါ်တွင် လုပ်ဆောင်မှုဖြင့် ကချင်လူမျိုး ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ ပက်ထရစ်ခွန်ဂျာလီကို လှိုင်မြို့နယ် တရားရုံးက ယနေ့ထောင် ခြောက်လ ချမှတ်ခဲ့သည်။

ပြစ်မှုစစ်ဆေးနေစဉ် ၉၉ ရက်ကို အင်းစိန်ထောင်တွင် နေထိုင်ခဲ့ရပြီး ဖြစ်သဖြင့် အသက် ၄၃ နှစ်အရွယ်ရှိ ပက်ထရစ်သည်ဧပြီလအစောပိုင်းတွင် ပြန်လည် လွတ်မြောက်လာမည်ဖြစ်သည်။

ကချင်အမျိုးသား လုံချည်ဖြင့် လူတစ်ဦးက ဗိုလ်ချုပ်မှူးကြီးရဲ့ ဓါတ်ပုံကို ခြေဖြင့်နင်းနေသောပုံကို ဖေ့ဘုတ်ခ်ပေါ်တွင် ဖြန့်ဝေခဲ့တဲ့အတွက် အောက်တိုဘာလတွင် ၎င်းဖမ်းဆီးခံခဲ့ရသည်။ ၎င်းကို အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆွဲခဲ့သည်။

ပက်ထရစ်ရဲ့ ဇနီးဖြစ်သူ ဒေါ်မေစပယ်ဖြူသည် ကျားမ တန်းတူညီမ ျှရေး ဆောင်ရွက်နေသည့် Gender Equality Network ကို ဦးဆောင်နေသူတစ်ဦး ဖြစ်သည်။

၎င်းက တရားရုံး၏ စီရင်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

“ဒါဟာ တရားမျှတမှုမရှိတဲ့ စီရင်ချက်ပါ” ဟု ၎င်းကပြောသည်။

“အွန်လိုင်းပေါ်မှာ သူဖြန့်ဝေခဲ့တာနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ သက်သေမရှိဘူးဆိုတာ မျက်မြင်သက်သေတွေနဲ့ ရှေ့နေတွေဆီက ကျွန်မ ကြားခဲ့ရပါတယ်” ဟု ၎င်းကပြောသည်။

“လူမှုကွန်ယက်တွေပေါ်မှာ သူတို့ကို ဝေဖန်တာ လုံးဝခွင့်မပြုဘူးလို့ စစ်တပ်က ကျွန်မ ခင်ပွန်းကို နမူနာပြပြီး အတိအလင်း ကြေညာခဲ့တာဖြစ်ပါတယ်” ဟု ဒေါ်မေစပယ်ဖြူက ပြောသည်။

အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် ပက်ထရစ် ခွန်ဂျာလီဟာ သွေးတိုးနဲ့ ရင်ကြပ်ရောဂါရှိနေပြီး ၎င်း၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး စိုးရိမ်နေကြသည်။ စတုတ္ထ အကြိမ်မြောက် ရုံးထုတ်သည့် နိုဝင်ဘာ ၂၃ ရက်နေ့က ရင်ကြပ်ရောဂါကြောင့် ၎င်း အသက်ရှုကြပ်နေသည်ကိုလည်း တွေ့ခဲ့ရသည်။

၎င်းကို စီရင်ချက်ချမှတ်မှုသည် သမ္မတက အကျဉ်းသား ၁၀၁ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့နေ့နှင့် တိုက်ဆိုင်နေသည်။ ထိုအထဲမှ အနည်းဆုံး ၃၀ ဦးသည် နိုင်ငံရေးအကျဉ်းသားများ ဖြစ်ကြသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့က ပြောကြားထားသည်။

မန္တလေးမြို့မှာလည်း ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သည့် ဦးဂမ္ဘီရ (ခေါ်) ဦးညီညီအောင်ကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေများ ချိုးဖောက်မှုဖြင့် ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၀ ရက်က ဖမ်းဆီးခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.