လဝကဝန်ကြီးဌာန ဖျက်သိမ်းရေးကို ပြည်ထောင်စုလွှတ်တော် ပယ်ချ

နေပြည်တော်၊ ဇန်နဝါရီ ၂၈

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအား ဦးစီးဌာနအဖြစ် ပြောင်းလဲကာ ပြည်ထဲရေးဝန်ကြီးဌာနအောက်သို့ ထည့်သွင်းရန် သမ္မတ၏ တောင်းဆိုချက်အား ပြည်ထောင်စုလွှတ်တော်က ယနေ့ ပယ်ချလိုက်သည်။

ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန် အခြေအနေ အချိန်အခါနှင့် မကိုက်ညီသောကြောင့် ဆောင်ရွက်ရန် အခြေအနေနှင့် အချိန်အခါ မကိုက်ညီသောကြောင့် ဆောင်ရွက်ရန် မသင့်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက အကြံပြု တင်ပြခဲ့မှုကို လွှတ်တော်ကိုယ်စားလှယ်အများစုက သဘောတူကြသဖြင့် သမ္မတက တောင်းဆိုသည့် သဝဏ်လွှာအတိုင်း ဆောင်ရွက်ရန် မသင့်ဟု ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသား မှတ်ပုံတင်ရေးလုပ်ငန်း၊ ပြည်သူ့အင်အား စာရင်းကောက်ယူ ထိန်းသိမ်းရေးလုပ်ငန်းစသည့် လုပ်ငန်းများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ ပြည်ထောင်စုဝန်ကြီးဌာနများ ပိုမို ကျစ်လျစ်စွာ ဖွဲ့စည်းနိုင်ခြင်းဖြင့် နိုင်ငံံဘဏ္ဍာငွေ ကုန်ကျမှုကို လျှော့ချနိုင်ရန်၊ နိုင်ငံတော်လုံခြုံရေး၊ နယ်စပ်ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးကိစ္စများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် နယ်စပ်ဒေသများမှ တရားမဝင် ခိုးဝင် ခိုးထွက်မှုများ၊ နိုင်ငံခြားသားများ တရားမဝင် ခိုးဝင် စိမ့်ဝင်မှုများအား ပြည်ထဲရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများနှင့် ဟန်ချက်ညီ ပူးပေါင်းကာကွယ် တားဆီးဆောင်ရွက်နိုင်ရန်၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်စသည့် လုပ်ငန်း လိုအပ်ချက်များအရ ယခုကဲ့သို့ ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအဖြစ် ထည့်သွင်းဖွဲ့စည်းရခြင်း ဖြစ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ကို ရယူနိုင်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ဇန်နဝါရီ ၂၂ ရက်၊ နေ့စွဲဖြင့် စာပေးပို့ခဲ့ခြင်းဖြစ်သည်။

ထိုကဲသို့ ပြောင်းလဲဖြစ်ခဲ့ပါက လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်အားလုံးသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်သည့် တပ်မတော်အရာရှိ ပြည်ထောင်စု ဝန်ကြီးတစ်ဦး၏ စီမံခန့်ခွဲမှု လက်အောက်သို့ ရောက်ရှိသွားမည်ဖြစ်သဖြင့် ဝေဖန်ကန့်ကွက်မှုများ ပေါ်ထွက်ခဲ့သည်။ ထို့ပြင် အစိုးရသစ်ထံ အာဏာလွှဲပြောင်းရန် လပိုင်းမ ျှသာ လိုတော့သည့် အစိုးရအနေဖြင့် ထိုကဲ့သို့ ပြင်ဆင်ပြောင်းလဲမှုမျိုးကို ဆောင်ရွက်ရန် မသင့်တော်ဟုလည်း ဝေဖန်မှုများရှိနေသည်။

သတင်း- စိုးသန်းလင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar