မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး တွန်းအားပေးရန် သြစတြေးလျက ပျော့ညံ့နေဟု စွပ်စွဲခံရ

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၏ စောင့်ကြည့်မှုများကို လေ ျှာ့ချသွားရေးအတွက် သြစတြေးလျအစိုးရက လိုလားနေသည်ဟု စွပ်စွဲခံထားရကြောင်း မတ် ၂၀ ရက်နေ့ထုတ် Sydney Morning Herald သတင်းက ရေးသားထားသည်။

ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေကို အလွန်ဆိုးရွားသော “အဆင့် ၄”မှ နည်းစနစ်ပိုင်း အထောက်အကူသာလိုသည့် “အဆင့် ၁၀”သို့ ပြောင်းလဲသတ်မှတ်ရန် ဆောင်ရွက်မှုကို သြစတြေးလျက ထောက်ခံခဲ့ခြင်းဖြစ်သည်။

“အဆင့် ၄”တွင် ပေးအပ်မည့် အကူအညီတွင် ဥပဒေရေးမူကြမ်းရေးဆွဲမှုကို ကူညီခြင်းလည်း ပါဝင်ကြောင်း သတင်းစာက ဖော်ပြသည်။

သြစတြေးလျနိုင်ငံအနေဖြင့် “မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အလွန်အမင်း လေ ျှာ့တွက်ထားတယ်” လို့ ဖော်ပြနေတယ်လို့ မယ်လ်ဘုန်းအခြေစိုက် လူ့အခွင့်အရေးစင်တာက အကြံပေးသုတေသန ညွှန်ကြားရေးမှူး Emily Howie ကဆိုပါတယ်။

“ဒါဟာ ဒီမိုကရက်တစ်အကူးအပြောင်းကာလ အရေးကြီးတဲ့အချိန်မှာ ဖိအားတွေကို လျော့စေပြီး ပိုမိုလိုအပ်တဲ့ အပြောင်းအလဲတွေကို တွန်းအားပေးရမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းက အရည်အချင်းတွေကိုလည်း လျော့ကျစေပါတယ်။ ကျွန်မတို့ရဲ့ မဟာမိတ်နိုင်ငံတွေ အပါအဝင်ပေါ့”ဟု ၎င်းကသတင်းစာကို ပြောကြားခဲ့သည်။

“အကယ်၍ သြစတြေးလျနိုင်ငံအနေနဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ ကမ္ဘာ့ဦးဆောင်သူ ဖြစ်ချင်တယ်ဆိုရင် အခုလို အရေးကြီးတဲ့အချိန်တွေမှာ ရှေ့ဆုံးကနေပြီး သူတို့ကို အကြံပေးဖို့လိုတယ်”ဟု ၎င်းကဆိုသည်။

“သြစတြေးလျအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများတဲ့ ဒီလိုနိုင်ငံမျိုးအပေါ် သဘောထား ပျော့ပျောင်းတာက စိတ်ပျက်စရာပဲ”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလကောင်စီတွင် ရပ်တည်ခဲ့မှုနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး၏ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုခဲ့သော်လည်း “သြစတြေးလျနိုင်ငံဟာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စတွေကို အသစ်တက်လာမယ့် အစိုးရသစ်နဲ့ တွဲဖက် ကိုင်တွယ်ဖြေရှင်းသွားလိုတယ်”ဟု သတင်းစာကို ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကိစ္စများတွင် တိုးတက်မှုရှိလာသော်လည်း ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျန်ရှိနေသေးသည်ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ကုလကောင်စီတွင် သြစတြေးလျ၏ ရပ်တည်မှုမှာ အမေရိကန်၊ ဗြိတိန်နှင့် ဥရောပ သမဂ္ဂတို့နှင့် ကွဲပြားနေကြောင်း သတင်းတွင် ဖော်ပြထားပြီး မြန်မာနိုင်ငံကိစ္စအား ယခုရက်သတ္တပတ်အတွင်း မဲခွဲဆုံးဖြတ်သွားဖွယ်ရှိနေသည်။

သတင်း- Frontier

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.