ဧဝရတ်တောင်ထိပ်သို့ မြန်မာ တောင်တက်သမားများ ပထမဆုံး ရောက်ရှိ

မြန်မာတောင်တက်သမားနှစ်ဦးသည် ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်သို့ မေ ၁၉ ရက်နေ့က အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံမှ ဧဝရတ်တောင်ထိပ်သို့ ပထမဆုံး တက်ရောက်နိုင်ကြသူများအဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်သည်။ ယခုကဲ့သို့ တက်ရောက်နိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံအတွက် သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်သည်။

တော်တက်သမားနှစ်ဦးဖြစ်သည့် ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကိုတို့သည် တောင်ထိပ်သို့ ညလုံးပေါက် တက်ရောက်ပြီးနောက် မေ ၁၉ ရက်နေ့ နံနက်အစောပိုင်းတွင် ရောက်ရှိသွားကာ မြန်မာနိုင်ငံအလံကို စိုက်ထူနိုင်ခဲ့သည်ဟု အသင်း၏ ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။ ၎င်းတို့ တောင်တက်အဖွဲ့ကို မြန်မာနိုင်ငံ၏ ထိပ်တန်းသူဌေးကြီးတစ်ဦးဖြစ်သူ ဦးတေဇက ငွေကြေးထောက်ပံ့ပေးခြင်း ဖြစ်သည်။

“ကျွန်တော်တို့ တောင်ထိပ်ကို ဒီမနက် ၇ နာရီ ၇ မိနစ်မှာ ရောက်ရှိပါတယ်” ဟု တောင်တက်သမားတစ်ဦးက အသံသွင်းထားသည့် တယ်လီဖုန်းဆက်သွယ်မှုထဲတွင် ပြောကြားထားပြီး ၎င်းအား ဦးတေဇက ချီးကျူးဂုဏ်ပြုထားသည်။ ဦးတေဇသည် တောင်တက်ခြင်းအား အထူးဝါသနာကြီးသူတစ်ဦးအဖြစ် ထင်ရှားသည်။

တောင်တက်လမ်းခရီး ကြည်လင်ပြာလဲ့နေသည့် မိုးကောင်းကင်အောက်တွင် ကိုဝင်းကိုကိုက ၎င်း၏ တောင်တက်ဖော်ကို ဖက်ထားကာ ပြုံးရယ်နေသည်ကို ဓာတ်ပုံထဲများတွင် တွေ့ရသည်။

ပြီးခဲ့သည့်နှစ်က ငလျင်လှုပ်မှုကြောင့် တောင်တက်ရာသီ ရပ်နားလိုက်နားပြီးနောက် ၈,၈၅၀ မီတာ(၂၉,၀၃၅ ပေ) မြင့်သည့် ဧဝရတ်တောင်သို့ ယခုနှစ်တွင် ပြန်လာကြသည့် နိုင်ငံတကာ တောင်တက်သမားများထဲတွင် ၎င်းတို့ နှစ်ဦးလည်း အပါအဝင်ဖြစ်သည်။

တောင်တက်သမားနှစ်ဦးလုံးသည် ကျန်းမာရေအခြေအနေ ကောင်းမွန်ကြပြီး ပြန်လည်ဆင်းသက်လာကြပြီဟု Technical Climbing Club of Myanmar မှ ကိုညီညီအောင်ကပြောသည်။

“သူတို့နှစ်ယောက် အရမ်းကို ကြံ့ခိုင်တဲ့သူတွေဖြစ်ပြီး တောင်ထိပ်ကို (မြန်မာနိုင်ငံက)ပထမဆုံး တက်ရောက်နိုင်ခဲ့သူတွေ ဖြစ်ပါတယ်။ အရမ်းကို လေးစားဖို့ ကောင်းပါတယ်” ဟု ၎င်းက ပြောသည်။ ကိုညီညီအောင်မှာလည်း တောင်တက်အဖွဲ့ဝင်တစ်ဦးဖြစ်ကာ ကျန်းမာရေး အခြေအနေကြောင့် တောင်ခြေစခန်းတွင် နေရစ်ခဲ့ရသူဖြစ်သည်။

တောင်တက်ချိန်သည် ၁၅ နာရီ ကြာမြင့်ခဲ့ကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့်နှစ်က ငလျင်ကြောင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့ကာ ဧဝရတ်တောင်ခြေစခန်းတွင် လူ ၁၈ ဦးသေဆုံးခဲ့ပြီးနောက် တောင်တက်သမား ရာပေါင်းများစွာသည် ဧဝရတ်တောင်ကို စွန့်ခွာခဲ့ကြရသည်။

နီပေါလမ်းညွှန် ၁၆ ဦးသေဆုံးခဲ့ရသည့် တောင်ပြိုမှုအပြီး ၂၀၁၄ ခုနှစ်တွင် တောင်တက်သမားတစ်ဦးသာ တောင်ထိပ်သို့ ရောက်ရှိခဲ့ရသည်။ သို့သော် ယခုနှစ်တွင်မူ ဧပြီလလယ်မှ မေလကုန်အထိ တိုတောင်းသည့် တောင်တက်ရာသီအတွက် နီပေါအစိုးရက တောင်တက်သမား ၂၈၉ ဦးကို တောင်တက်ခွင့် ထုတ်ပေးထားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဗြိတိသ ျှ တောင်တက်သမားနှစ်ဦးသည် ယခုနှစ်အတွက် တောင်ထိပ်သို့ ပထဆုံး ရောက်ရှိသည့် နိုင်ငံခြားသားများ ဖြစ်ခဲ့သည်။ နီပေါလမ်းညွှန်ကိုးဦးက နိုင်ငံတကာ တောင်တက်သမားများအတွက် ကြိုးများတပ်ဆင်ပေးပြီး နောက်တစ်ရက်တွင် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သတင်း- အေအက်ဖ်ပီ

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.